၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဗစ်တိုးရီးယားလေးအမှုကို ဒက္ခိဏခရိုင်တရားရုံးတွင် သက်သေထွက်ချက် ယူတော့မှာဖြစ်ကြောင်းသိရှိရပါသည်။

ဗစ်တိုးရီးယားလေးအမှုဟာ အခုရုံးချိန်းသည် အရေးကြီးသော ရုံးချိန်းဖြစ်ကြောင်းနှင့် မိမိကိုယ်တိုင်ရုန်းကန်ပြီး စုထားသမျှ အားအင်တွေကိုအသုံးပြုပြီး ရုံးချိန်းတွင် မိဘပြည်သူများအားလုံး ဝန်းရံပေးကြဖို့ တောင်းဆိုထားတာကိုတွေ့ရှိရသည်။

ဦးသက္ကမိုးညို၏ပြောကြားချက်များမှာ-

(၁၁.၉၂၀၁၈) မှာ ဗစ်တိုးရီးယားလေးကို ဒက္ခိဏ ခရိုင် တရားရုံးမှာ သက်သေ ထွက်ချက် ယူတော့မှာပါ။ ခါတိုင်း ရုံးချိန်းတွေ မတိုင်ခင်မှာ ကျွန်တော် ခပ်လျှိုလျှိုလေးနေပြီး ခပ်ဖွဖွလေးပဲ ရေးပါတယ်။

နောက် ရုံးချိန်း အပြီးမှာမှ ရုံးချိန်းမှာ ဖြစ်ပျက်ခဲ့တာကို ရီဗျူးသဘောမျိုးရေးပါတယ်။ (ဒါကြောင့် တချို့က သမီးလေး အမှု သွေးအေးသွားကြပြီလား မေးကြပါတယ်) အမှန်က ကိုယ်တိုင်ရုန်းလို့ ရတဲ့ အချိန်မှာသတင်းဆက် ပြတ်မသွားရုံလေးရေးပြီးတော့ ကိုယ်တိုင် ရုန်းနေကြတာပါ။

ဘေးကို အကူမတောင်းခဲ့ပါ။ အန္တရာယ်လည်း ရှောင်ရင်းပေါ့လေ အခု ရုံးချိန်း (၁၁.၉.၁၉) မှာတော့ ကိုယ်တိုင်လည်း ရုန်းရမယ့် အပြင် ဘေးက ညာသံပေး အားပေးတာလည်း လိုနေပါပြီ။ ဒါကြောင့် ဝန်းရံကြပါလို့ (မတောင်းဆိုစဖူး) တောင်းဆိုချင်ပါတယ်။သမီးလေးဟာ အမှုရဲ့ အလယ်မှာ ရှိနေတဲ့ ဆုံချက် တခု ဖြစ်တဲ့အပြင် တကယ်တမ်း နစ်နာခဲ့သူလည်း ဖြစ်ပါတယ်။ သမီးလေးအတွက် အရေးအကြီးဆုံးအချိန်ဟာ အခု ရုံးချိန်းပါ။

ဒီရုံးချိန်းမှာ ဘာတခုမှ လွဲချော်လို့ မရတဲ့အပြင် သမီးလေးအပေါ်မှာ ဘာဖိအားတွေမှ ရှိမနေဖို့ စောင့်ကြည့်ဝန်းရံသူတွေက ဖေးမပေးဖို့ အရေးကြီးလှပါတယ်။အခုရုံးချိန်းမှာ ရနိုင်သမျှ ဝန်းရံမှုတွေ ကျွန်တော် လိုချင်ပါတယ်။

မေတ္တာရပ်ခံ တောင်းဆိုချင်ပါတယ်။ သမီးလေးရဲ့ မိခင်၊ သမီးလေး ဖေဖေ၊ သမီးလေး အဘွားပြီး အခု သမီးလေး အလှည့်ပါ။ ဒါပြီးရင် ကိုယ့်ဘက်က သက်သေ မရှိတော့ပါဘူး။ ကံကြမ္မာအပေါ်မှာ ပုံပြီး စောင့်နေရုံပါပဲ။ ဒါကြောင့် စုထားသမျှ အင်အားတွေ အကုန် ဒီရုံးချိန်းမှာ လာရောက်ဝန်းရံကြဖို့ မေတ္တာရပ်ခံပါတယ်။ ခရက်ဒစ် သက္ကမိုးညို

Unicode Version