PropellerAds

ယူရိုပါလိဂ်ပြိုင်ပွဲဝင် လက်ကျန်အသင်းတွေအနက် ယူနိုက်တက်က တတိယအကောင်းဆုံးအသင်းသာဖြစ်ပြီး အင်တာမီလန်နဲ့ လေဗာကူဆင်တို့က ယူနိုက်တက်က ပိုမိုတောင့်တင်းတယ်လို့ အင်တာမီလန်ဂန္ထဝင် အန်ဒရီယာ့စ်ဘရီဟီက ပြောပါတယ်။

ယူနိုက်တက်ဟာ ယူရိုပါလိဂ် ၁၆သင်းအဆင့်မှာ လင့်ဇ်ကို နှစ်ကျော့ပေါင်း ၇-၁ ဂိုးနဲ့အနိုင်ယူကာ ကွတားဖိုင်နယ်တက်ရောက်ထားပြီး ၂၀၁၇ နောက်ပိုင်း ပထမဆုံးဆုဖလားရယူနိုင်ဖို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပါတယ်။ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဂျာမနီမြေမှာ ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်အသင်းနဲ့ ယနေ့ညကစားရတော့မှာဖြစ်ပါတယ်။

တကယ်လို့ ယူနိုက်တက်အနေနဲ့ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ရင် အင်တာမီလန်အသင်းနဲ့ ရင်ဆိုင်ရနိုင်ပေမယ့် စီးရီးအေကလပ်ကလည်း ဒီညမှာပဲ လေဗာကူဆင်အသင်းနဲ့ ကွာတားဖိုင်နယ်ကစားရမှာဖြစ်ပါတယ်။ ဒီညကစားမယ့်ပွဲတွေမတိုင်ခင် ဘရီဟီက အင်တာမီလန်အနေနဲ့ လေဗာကူဆင်ကိုသာ ကျော်ဖြတ်နိုင်ရင် ယခုရာသီယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

အင်တာနောက်ခံအစွန်လူဟောင်း ဘရီဟီက ”အင်တာမီလန်အသင်းအပေါ် ဘာသံသယမှမရှိပါဘူး။ လေဗာကူဆင်က ဟာဗက်ဇ်လိုတိုက်စစ်မှူးမျိုးရှိပြီး တောင့်တင်းတဲ့စုဖွဲ့မှုပိုင်ဆိုင်ထားပေမယ့် အင်တာမီလန်က ကြီးကျယ်တဲ့ကလပ်ဖြစ်သလို ပိုလည်းကောင်းပါတယ်။ ဒီညပွဲမှာ ဘယ်အသင်းပဲနိုင်နိုင် နိုင်တဲ့အသင်းက ယူရိုပါလိဂ်ဖလားရဖို့ အခွင့်အရေးပိုများသွားမှာပါ

ဆီမီးဖိုင်နယ်မှာ ကစားရမယ့် ရှက်တာဒိုးနက် ဒါမှမဟုတ် ဘေဆယ် ဘယ်အသင်းပဲဖြစ်ဖြစ် အနိုင်ရနိုင်ပါတယ်။ တစ်ဘက်အတွဲမှာတော့ ယူနိုက်တက်က ဗိုလ်လုပွဲအထိ တက်ရောက်နိုင်စွမ်းရှိတယ်လို့ ထင်ပေမယ့် အင်တာဖြစ်ဖြစ် လေဗာကူဆင်ြဖြစ်ဖြစ် သူတို့နှစ်သင်းစလုံးက ယူနိုက်တက်ထက် ပိုကောင်းပါတယ်”လို့ ဘရီဟီက ပြောပါတယ်။

လင့်ဇ်အသင်းကို ၂-၁ ဂိုးနဲ့ ယူနိုက်တက်အသင်း အနိုင်ရခဲ့ပြီးနောက် ဂန္ထဝင်ကွင်းလယ်လူ ပေါလ်စခိုးလ်က တကယ်လု့ိ ဗိုလ်လုပွဲမှာသာ အင်တာမီလန်နဲ့ရင်ဆိုင်ရရင် တိုက်စစ်မှူးဟောင်း လူကာကူက အသင်းဟောင်းနဲ့ပွဲမှာ ခြေစွမ်းပြဖို့ တွန်းအားပြင်းထန်လာလိမ့်မယ်လို့ ပြောပါတယ်။

အခုချိန်မှာ ယူရိုပါလိဂ်က ယူနိုက်တက်အတွက် တကယ့်မဟာအခွင့်အရေးဖြစ်နေပါတယ်။ အသင်းကောင်းတွေလည်း အများကြီးကျန်နေပါသေးတယ်။ ၃ကြိမ်ဆက်ရခဲ့တဲ့ ဆီဗီလာကို ချန်ထားလို့မရပါဘူး။ အီတလီကလပ်က ရင်ဆိုင်ရခက်တဲ့အသင်းတွေဖြစ်ပြီး ယူနိုက်တက်အတွက် အခက်ခဲဆုံးပြိုင်ဘက်က အင်တာဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ လူကာကူဆိုရင် ယူနိုက်တက်ကနေ ထွက်ခဲ့ရတဲ့အခြေအနေတွေကြောင့် အသင်းဟောင်းနဲ့ပြန်တွေ့ရင် အနိုင်ယူဖို့ တွန်းအားပိုရှိလာနိုင်ပါတယ်”လို့ စခိုးလ်က ပြောပါတယ်။

Unicode

ယခုရာသီယူရိုပါလိဂ်မှာ ယူနိုက်တက်က တတိယအကောင်းဆုံးအသင်းသာဖြစ်တယ်လို့ ဘရီဟီ ပြော