PropellerAds

အာဆင်နယ်ဂန္ထဝင်နည်းပြဟောင်းအာစင်ဝင်းဂါးဟာ ဘာစီလိုနာနည်းပြဖြစ်လာမယ့်အခွင့်အရေးကို ပယ်ချလိုက်တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ လက်ရှိနည်းပြဆီတီယန်အပေါ်မှာ ယုံကြည်မှုမရှိတော့ပြီးနောက် လာလီဂါအသင်းကြီးဘာစီလိုနာဟာ သူတို့ရဲ့နည်းပြသစ်ရာထူးအတွက် ဝင်းဂါးကိုချဉ်းကပ်ခဲ့တာဖြစ်ပြီး အဲဒီပြင်သစ်သားက ကမ်းလှမ်းမှုကိုပယ်ချခဲ့တယ်လို့ ပြင်သစ်သတင်းစာတစ်စောင်က ဖော်ပြခဲ့တာပါ။

အဲဒီအာဆင်နယ်နည်းပြဟောင်းဟာ ၂၂ နှစ်ကြာကိုင်တွယ်ခဲ့တဲ့မြောက်လန်ဒန်ကလပ်ကနေ ၂၀၁၈ မှာ ထွက်ခွာပြီးကတည်းက ဘယ်အသင်းကိုမှ ကိုယ်တွယ်ခြင်းမရှိသေးပါဘူး။ အဲဒီအစား အသက် ၇၀ အရွယ်ဝင်းဂါးဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာက ဖီဖာရဲ့ကမ္ဘာလုံးဆိုင်ရာဘောလုံးဖွံ့ဖြိုးတိုးတက်မှုအကြီးအကဲတာဝန်ကို ရယူခဲ့ပါတယ်။

မကြာသေးခင်ကတော့ ဝင်းဂါးဟာ သူ့အနေနဲ့ တစ်သက်လုံး နေ့စဉ်နေ့တိုင်း လေ့ကျင့်ရေးတာဝန်တွေကို ယူခဲ့ရတာဖြစ်လို့ နည်းပြလောကထဲ ပြန်ဝင်ချင်ကြောင်းကို အရိပ်အမြွက်ပြောထားပါတယ်။ ဒါပေမဲ့ သူသတ်မှတ်ထားတဲ့အခြေအနေရှိမှသာ စဉ်းစားမယ်လို့ ဆိုခဲ့ပါတယ်.

ဝင်းဂါးဟာ အာဆင်နယ်နည်းပြဘဝမှာ ဘာစီလိုနာနဲ့ ၉ ကြိမ်ရင်ဆိုင်ခဲ့ဖူးရာမှာ ၁ ကြိမ်သာအနိုင်ရခဲ့ဖူးပြီး အဲဒါက ၂၀၁၁ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ၂-၁ နဲ့အနိုင်ရခဲ့တာပါ။ သူ့နည်းပြဘဝမှာ အဲဒီလာလီဂါအသင်းကြီးကို ၆ ပွဲရှုံးနိမ့်ခဲ့ပြီး အဲဒီထဲမှာ နာကျင်စရာဖြစ်ခဲ့ရတဲ့ ၂၀၀၆ ချန်ပီယံလိဂ်ဗိုလ်လုပွဲအရှုံးလည်း ပါဝင်ပါတယ်။

Unicode