PropellerAds

ပြိုင်ပွဲပြီးရင်ထွက်ခွာတော့မယ့် ပီအက်စ်ဂျီရဲ့ဟီးရိုးဖြစ်ခဲ့တဲ့ ချိုပိုမိုတင်းကို ဟာရဲရားချီးကျူး

အတ္တလန္တာကိုအနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်ပွဲစဉ်မှာ လူစားဝင်လာပြီး ပီအက်စ်ဂျီအတွက် နောက်ဆုံးမိနစ်အနိုင်ဂိုးသွင်းပေးခဲ့တဲ့ တိုက်စစ်မှုးချိုပိုမိုတင်းကို သူ့ရဲ့ပီအက်စ်ဂျီအသင်းဖော်ဟာရဲရားက ချီးကျူးစကားပြောကြားလိုက်ပါတယ်။ ၃၁ နှစ်အရွယ် အဲဒီကင်မရွန်းလက်ရွေးစင်ဟာ ၇၉ မိနစ်မှာ အိုင်ကာဒီအစားလူစားဝင်လာပြီး ပီအက်စ်ဂျီရဲ့နောက်ကျချေပဂိုးနဲ့ အနိုင်ဂိုး ၂ ဂိုးစလုံးမှာ ပါဝင်ပတ်သက်ခဲ့သူပါ။

မိနစ် ၉၀ မှာရတဲ့ ပီအက်စ်ဂျီရဲ့ချေပဂိုးတုန်းက သူဟာ နေမာဆီကို ဘောလုံးမြှောက်တင်ပေးလိုက်ပြီး အဲဒီဘရာဇီးကြယ်ပွင်ဆီကနေတစ်ဆင့် မာကွင်ဟို့စ်က ပိတ်သွင်းယူသွားခဲ့တာပါ။ အဲဒီနောက် ချိုပိုမိုတင်းဟာ အမ်ဘက်ပီရဲ့ချိန်သားကိုက်ဖန်တီးပေးမှုကတစ်ဆင့် ပီအက်စ်ဂျီအတွက် အနိုင်ဂိုးကို အနီးကပ်ပိတ်သွင်းပေးသွားခဲ့ပါတယ်။

ဒါကြောင့်လည်း ချိုပိုမိုတင်းဟာ လူစားဝင်လာပြီး ကစားရတဲ့ ၁၀ မိနစ်ကျော်လေးအတွင်းက စွမ်းဆောင်မှုတွေနဲ့ အဲဒီပွဲက ပီအက်စ်ဂျီရဲ့ဟီးရိုးဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် ပွဲအပြီးမှာ နေမာကလည်း သူရတဲ့ man of the match ဆုကို ချိုပိုမိုတင်းဆီ လွှဲပြောင်းပေးခဲ့တာပါ။

စတုတ်နဲ့အတူ ချန်ပီယံရှစ်ကိုတန်းဆင်းခဲ့ရပြီးနောက် လွန်ခဲ့တဲ့ ၂ နှစ်က ပီအက်စ်ဂျီကို အံ့အားသင့်ဖွယ်ရောက်လာခဲ့တဲ့ ချိုပိုမိုတင်းဟာ အဲဒီပြင်သစ်ချန်ပီယံအသင်းနဲ့ ပြီးခဲ့တဲ့ဇွန်လကတည်းက စာချုပ်သက်တမ်းကုန်ထားတာဖြစ်ပြီး အဲဒါကြောင့် ချန်ပီယံလိဂ်ဘောလုံးရာသီကုန်ဆုံးချိန်အထိ အရေးပေါ်ရေတိုစာချုပ်ထပ်ချုပ်ခဲ့ရကာ ပြိုင်ပွဲပြီးတာနဲ့ အသင်းက ထွက်ခွာမှာပါ။ ချိုပိုမိုတင်းဟာ ၂ နှစ်ကြာပီအက်စ်ဂျီကစားသမားဘဝမှာ ၅၅ ပွဲကစားပြီး ၁၅ ဂိုးသွင်းယူပေးထားပါတယ်..

သူဟာ မယုံနိုင်စရာ ၁၀ မိနစ်ကို ကစားခဲ့တာပါ။ အခုချိန်မှာ သူ့အကြောင်းကို သိပ်ပြောချင်တာပေါ့။ သူဟာ စာချုပ်သက်တမ်းကုန်တော့မှာဖြစ်ပေမယ့် အသင်းကို အကူအညီပေးဖို့ အမြဲအဆင်သင့်ရှိနေတတ်ပါတယ်။ လေ့ကျင့်ခန်းဆင်းရင်လည်း သူ့ဘဝရဲ့နောက်ဆုံးလေ့ကျင့်ခန်းလို အမြဲကြိုးကြိုးစားစားရှိပါတယ်”လို့ ဟာရဲရားက ချိုပိုမိုတင်းကို ချီးကျူးခဲ့တာပါ။

Zawgyi