PropellerAds

ကွင်းတဖက်ကနေ ပင်နယ်တီရအောင်ပြေးခဲ့တဲ့ ထရာအိုရေးကို ပရိသတ်တွေချီးကျူးနေ

ပရီးမီးယားလိဂ်ရဲ့အမြန်ဆုံး ကစားသမား၊ ပြိုင်ဘက်တွေကိုလိမ်ခေါက်မှုအများဆုံး ကစားသမား ထရာအိုရေးအကြောင်းကို ပရိသတ်တွေသိပြီးသားဖြစ်မှာပါ။ သူ့ရဲ ခန္ဓာကိုယ်နဲ့မလိုက်ဖက်တဲ့မြန်နှုန်းနဲ့တိုးအားတွေက ပရီးမိးယားလိဂ်ပြိုင်ဖက်တွေအတွက်တော့ အိပ်မက်ဆိုးတစ်ခုဖြစ်သလို ဥရောပမှာလည်း ဒီအချက်ကို သက်သေပြခဲ့ပါပြီ။ ကစားပြီးသွားခဲ့တဲ့ ဝုဗ်-ဆီဗီးလားပွဲစဉ်မှာပါ။

အဆိုပါပွဲစဉ်မှာ ဝုဗ်ဟာပထမပိုင်းမှာတင် ဦးဆောင်ဖို့အခွင့်အရေးရခဲ့ပါတယ်။ ပွဲကစားချိန် ၁၀ မိနစ်လောက်မှာ ပင်နယ်တီရခဲ့တာဖြစ်ပြီး၊ ဂျင်မီနက်ကန်သွင်းခဲ့ပေမဲ့ ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တဲ့အတွက် ဝုဗ်တို့ဟာဦးဆောင်ဂိုးနဲ့လွဲခဲ့ပါတယ်။ ပင်နယ်တီကို ဂိုးအဖြစ်မပြောင်းလဲခဲ့တဲ့ ဂျင်မီနက်အတွက် ပိုစိတ်ထိခိုက်စရာဖြစ်ခဲ့မှာက ပင်နယ်တီရဖို့ အစွမ်းကုန်ကြိုးစားပေးခဲ့တဲ့ ထရာအိုရေးရဲ့အားထုတ်မှုပါပဲ။

ထရာအိုရေးဟာ ပင်နယ်တီကိုလွယ်လွယ်ကူကူရခဲ့တာမဟုတ်ပါဘူး။ ရူဘင်နီးဗက် ဝုဗ်အသင်းရဲ့ပင်နယ်တီဧရိယာရှေ့ကနေ ထိုးပေးလိုက်တဲ့ဘောလုံးကို ထရာအိုရေးဟာ တန်ပြန်တိုက်စစ်စဖို့လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ အသင်းဖော်တွေအသင့်ရှိမနေတဲ့အနေအထားမှာ ခပ်တည်တည်ပဲ တောက်လျှောက်ဆွဲပြေးခဲ့ပါတယ်။ ဆီးဗီးလားကစားသမား နှစ်ဦးလိုက်ဖျက်နေတဲ့ကြားကနေ ဆွဲပြေးတာပါ။

ထရာအိုရေးရဲ့အမြန်နှုန်းနဲ့ ဘော်ဒီကိုမခုနိုင်ချိန်မှာ အမြန်နှုန်းပြေးပြီးလိုက်ဖျက်နေတဲ့ ဒီယေဂိုကားလို့စ်ဟာ ဆုံးဖြတ်ချက်တစ်ခုချလိုက်ရပါတယ်။ သူ့အနေနဲ့ ဧရိယာထဲမဝင်ခင်ကတည်းက အဝါယူလိုက်ရမှာဖြစ်ပေမဲ့ ပင်နယ်တီဧရိယာထဲအရောက်မှာမှ ထရာအိုရေးကို တက်ကယ်လုပ်လိုက်တာဟာ မှားခဲ့ပါတယ်။ ပင်နယ်တီတန်းပေးခဲ့ရပြီး၊ အနီကတ်မပြခဲ့တာတောင် ကံကောင်းခဲ့တာပါ။

တဖက်မှာတော့ထရာအိုရေးရဲ့ပြေးအားကို မီကိုမမီခဲ့တာပါ။ ပရိသတ်တွေကတော့ ပင်နယ်တီရအောင်အထိပြေးခဲ့တဲ့ ထရာအိုရေးကိုအမျိုးမျိုးချီးကျူးနေကြပြီး၊ Cheat Code သုံးထားတယ်လို့ ဟာသဖောက်ခဲ့ပါတယ်။ တကယ်လည်း ကွင်းတဖက်ကနေ ပင်နယ်တီရအောင်ပြေးခဲ့တဲ့ ထရာအိုရေးရဲ့ပြေးအားဟာ နာမည်ကြီးနေတဲ့ ဒီယေဂိုကားလို့စ်လို ကစားသမားကိုတောင် နောက်ကျောက်ချနိုင်ခဲ့တဲ့အထိပါပဲ။

Unicode