PropellerAds

Zawgyi

ယူနိုက်တက်နဲ့ဆန်ချိုတို့ရဲ့ အပြောင်းအရွှေ့ အခြေအနေတွေအပေါ် လေ့လာကြည့်ခြင်း

ယူနိုက်တက်တို့ဟာ ဆန်ချိုအတွက်ဒေါ့မွန်လိုချင်နေတဲ့ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၈)သန်းကိုပေးချေဖို့အလိုမရှိတာကြောင့် လက်ရှိအချိန်မှာဆန်ချိုကိုလက်လွှတ်လိုက်ရတော့မယ့်အေခအြနေတွေမှာရောက်ရှိနေပါတယ်။ ဆန်ချိုအတွက် ယူနိုက်တက်ရဲ့လှုပ်ရှားမငတွေက ဒေါ့မွန်အပေါ်ကိုချည်းကပ်မှုတွေပြုလုပ်ရာမှာ ဒေါ့မွန်အတွက် ရှုပ်ထွေးတဲ့ အနေအထားတွေမှာလည်းရှိနေခဲ့တာပါ။ဒေါ့မွန်အားကစားဒါရိုက်တာဖြစ်သူဇော့က ပြီးခဲ့တဲ့ တနင်္လာနေ့ကဆန်ချိုဟာ လာမာယ့်ရာသီမှာလည်း ဒေါ့မွန်မှာပဲ ဆက်ရှိနေမယ်လို့ အတည်ပြုပြောဆိုသွားခဲ့ပြီးတော့ အခုဆုံးဖြတ်ချက်တွေက နောက်ဆုံး ဆုံးဖြတ်ချက်တွေဖြစ်တယ်လို့ပြောကြားသွားခဲ့တာပါ။

ကိုဗစ်(၁၉)မတိုင်မီကတည်းက ယူနိုက်တက်နဲ့ ဒေါ့မွန်တို့ကြားဆန်ချိုအတွက်ဆက်သွယ်မှုတွေရှိနေခဲ့ပေမဲ့ ယူနိုက်တက်ဘက်ကနေပြီးတော့ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် ဆွေးနွေးမှုတွေပြုလုလုပ်ရမှာ ဒေါ့မွန်ဘက်က တုန့်ဆိုင်းမှုတွေရှိနေတဲ့ အပေါ်မှာစိုးရိမ်မှုတွေရှိနေခဲ့တယ်လို့ ဝန်ခံပြောကြားထားခဲ့ပါတယ်။ဒေါ့မွန်ဟာဆန်ချိုအတွက်ပြောင်းရွှေ့ကြေးကိုပေါင်(၁၀၈)သန်းအထိအလိုရှိနေတာဖြစ်ပါတယ်။ဒါပေမဲ့ ယူနိုက်တက်ဘက်ကလည်း ဆန်ချိုအတွက်ပြောင်းရွှေ့ကြေးကိုဘယ်လောက်ပေးမယ်ဆိုမျိုးတွေမရှိခဲ့ပဲ၊ ပြောင်းရွှေ့ကြေးထက် အခြားအချက်အလတ်တွေအပေါ်မှာညှိနှိုင်းမှုတွေမပြုလုပ်ရတာမျိုးတွေလည်းရှိနေခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲပလည်း ကိုရိုနာကာလအတွင်းဒေါ့မွန်လိုချင်နေတဲ့ပြောင်းရွှေ့ကြေးပေါင်(၁၀၈)သန်းကိုပေးချေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုပြီးတော့ တွန့်ဆုတ်နေခဲ့တာပါ။ ဒါ့အပြင် ယူနိုက်တက်ဘက်က ဆန်ချိုနဲ့ပုဂ္ဂိုလ်ရေးအရညှိနှိုူင်းမှုတွေပြုလုပ်ရာမှာလည်းဆန်ချိုကိုလစာလျှော့ယူပေးဖို့တောင်းဆိုထားတယ်လို့လည်းသိရပါတယ်။ ဒါပေမဲ့နောက်ပိုင်းမှ တစ်ပတ်လုပ်ပေါင်(၁၉၀၀၀၀)နဲ့ သဘောတူညီမှုရရရှိသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း ယူနိုက်တက်နဲ့ ဒေါ့မွန်တို့အကြားအပြောင်းအရွှေ့ဖြစ်မြောက်ရေးအတွက် ဆွေးနွေးနေမှုတွေဆက်လတ်ပြုလုပ်နေပေမဲ့၊ဆန်ချိုယူနိုက်တက်ကို ရောက်မရောက်ဆိုတာက ယူနိုက်တက်အပေါ်မှာပဲမူတည်လျက်ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင်လက်ရှိအချိန်မှာယူနိုက်တက်တို့ဟာဆန်ချိုကိုခေါ်ယူနိုင်ရေးကိုသာဦးစားပေးဆောင်ရွက်နေပြီးတော့ အခြားသောပစ်မှတ်တွေအတွက် ချိတ်ဆက်မှုှုတွေအားလုံးကိုရပ်တန့်ထားတယ်လို့သိရပါတယ်။ယူနိုက်တက်ဘက်က ဆန်ချိုအတွက် ဒေါ့မွန်ဘက်ကလိုချင်နေတဲ့ပြောင်းရွှေ့ကြေးကို ပေးချေဖို့ အလိုရှိနေပါတယ်။ ဒါပေမဲ့ အရစ်ကျပုံစံမျိုးနဲ့ပေးချေဖို့အတွက် ဒေါ့မွန်ဘက်ကို ရအောင်စည်းရုံးသွားဖို့ ကြိုးစားလျက်ရှိနေတယ်လို့နောက်ဆုံးသတင်းတွေအရသိရပါတယ်။တကယ်လို့စာဆန်ချိုကိုခေါ်ယူဖို့ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုရင်တော့ယူနိုက်တက်တို့ဟာအ့ခြားသောညာတောင်ပံကစားသမားတွေကိုပြောင်းလဲချိတ်ဆက်မှုတွေပြုလုပ်သွားဖွယ်ရှိနေပါတယ်။

Unicode