Unicode Version
မိုးကြိုးစက်ကွင်း ထိမှန်ကာ ရွှေစဉ်အမြောက်အမြား နှစ်စဉ်ကွာကျနေတာကြောင့် ကျိုက်ထီးရိုးစေတီတော်မြတ်ကို မိုးကြိုးလွှဲ တပ်ဆင်လိုက်တဲ့အကြောင်း သိရှိရပါတယ်။
အဆိုးဆုံး ထိမှန်မှုမှာ ၂၀၁၅ခုနှစ်က ဖြစ်ပြီး ရွှေစင် ၇ပိဿ ာကျော် ကွာကျမှု ဖြစ်ခဲ့ဘူးပါတယ်။ ပြီးခဲ့တဲ့ မေလ၁၅ရက်နေ့ကလဲ မိုးကြိုးစက်ကွင်း ထိမှန်ကာ ရွှေစင် ၁ပိဿာ ကျော် ကွာကျခဲ့ပါသေးတယ်။ ဒါကြောင့် ဘုရားကြီးအား သဘာဝဘေးအန္တရာယ် ကျရောက်မှု လျော့နည်းစေရန်နှင့်
ဘုရားဖူးပြည်သူများ စိတ်နှလုံးချမ်းမြေ့စွာ ဖူးတွေ့ရစေဖို့ မိုးကြိုးလွှဲ တတ်ဆင်လိုက်ရခြင့် ဖြစ်ပါတယ်။ ဆံတော်ရှင်ကျိုက်ထီးရိုးတော်တီတော်မြတ်ကြီးကို ဒေါ်တင်မြိုင်မိသားစုမှ လှူဒါန်းသော အမြင့်ပေ ၄၈’ပေ ၃’ပေထက်တိုး၍ ပေါင်း ၅၁’ ပေအမြင့် မိုးကြိုးလွှဲကို ၂၀၁၉ခုနှစ် စတင်ဘာလ ၇ ရက်နေ့ ၀၂၃၀ အချိန်တွင်ပြီးစီခဲ့ပါသည်။
အလှူရှင် ဒေါ်တင်မြိုင် မိသားစု အတွက် သာဓုအနုမောဒနာ ခေါ်ဆိုရင်း ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးကို စိတ်အေးချမ်းသာစွာ ဖူးမြော် နိုင်ပါကြောင်း အကျိုးမြှော်လို့ နိုးဆော်လိုက်ရပါတယ်ဗျာ။