တနသာၤရီမြိုနယ့် ညောင်ပင်ကွင်းကျေးရွာတွင် ရေစီးနဲ့အတူ မျောပါသွားသော

တနသာၤရီမြိုနယ့် ညောင်ပင်ကွင်းကျေးရွာတွင် တပ်မတော်သားတစ်ဦးမှ ကားတွေ ဆိုင်ကယ်တွေ အန္တရာယ်ကင်းအောင် လမ်းကြောင်းပြပေးနေရင်း လမ်းအဖြတ်တွင် ၄ပေခန့်အမြင့်ရှိ ရေစီးနှင့်မျောပါကာ ပြည်သူ့အတွက် အသက်ပေးလှူသွားခဲ့ကြောင်း သိရှိရပါသည်။

တနသာၤရီမြို့နယ် မြန်မာ့တပ်မတော်

တနင်္သာရီမြို့နယ်တွင် တပ်မတော်သားတစ်ဦးရေနစ်သေဆုံး

12.8.2019

တနင်္သာရီမြို့နယ် ၊ ညောင်ပင်ကွင်းကျေးရွာတွင် သြဂုတ်လ ၁၂ ရက်နေ့၊နေ့လယ် ၁ နာရီခွဲခန့်က တပ်မတော်သားတစ်ဦး ရေနစ်သေဆုံးကြောင်းသိရပါတယ်။

ညောင်ပင်ကွင်းကျေးရွာ၊ နောက်ကမ်းနှင့် ရှေ့ကမ်းသွားတဲ့လမ်းမှာ ရေ ၄ ပေခွဲခန့်ကျော်နေတာကြောင့် ၅၆၁ တပ်ရင်းမှ ခရီးသွားများအားကူညီဆောင်ရွက်ပေးရာမှ ရေစီးနှင့်မျှောပါသွားကြောင်းသိရပါတယ်။

”နောက်ကမ်းကနေ ရှေ့ကမ်းကိုသွားတဲ့လမ်းမှာ ရေက ၄ ပေခွဲလောက်ကျော်နေတယ်။ ခရီးသွားတွေကို ဒေသခံတွေက ကူးတို့လှေလေးနဲ့ပို့ဆောင်ပေးတော့ တပ်မတော်သားတွေက လုံခြုံရေးအတွက် ကူညီဆောင်ရွက်ပေးတယ်။

ရှေ့ကမ်းရောက်တော့ ၅၆၁ တပ်ရင်းက ဆရာသောင်းဆွေက လမ်းလျှောက်ပြီးရေပြင်ကိုဖြတ်လာရာမှာမျှောပါသွားတယ်။

ချက်ချင်းလိုက်ရှာကြပေမယ့် မတွေ့ဘူး ။ ည ၆ နာရီလောက်မှာ ညောင်ပင်ကွင်းနောက်ကမ်းကအမျိုးသားတစ်ဦးက အလောင်းတွေ့တယ်””လို့ ညောင်ပင်ကွင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောပါတယ်။

တနင်္သာရီမြစ်ရေ ကြီးနေတာကြောင့် ညောင်ပင်ကွင်းရှေ့ကမ်းနှင့်နောက်ကမ်းတွင် အိမ်ခြေ ၄၀၀ ကျော် ရေဘေးသင့်နေပြီး စားသောက်ကုန်များလိုအပ်နေကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)