နိုင်ငံကျော် မင်းသားချော တစ်ဦးဖြစ်တဲ့ နေတိုးက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်တာမို့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို တစ်ခဲနက် ခံရသူ တစ်ဦးပါ။ နေတိုးက သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အကယ်ဒမီဆုကြီး သုံးဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားပြီး အောင်မြင်မှုတွေ တစ်ရှိန်ထိုး ရရှိနေတာ ဖြစ်ပါတယ်။ နေတိုးက လက်ရှိမှာလည်း သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက် လုပ်ကိုင်နေလျက် ရှိပါတယ်။

နေတိုးက လက်ရှိမှာတော့ ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးနေပြီး ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာ ဖြစ်ပါတယ်။ မနေ့က အောက်တိုဘာလ (၉) ရက်နေ့မှာတော့ နေတိုးက ရန်ကုန်မြို့ ကန်သာယာစင်တာမှာ ကျင်းပပြုလုပ်တဲ့ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show အခမ်းအနားကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ထိုပွဲမှာ နေတိုးကို အနောက်တိုင်းဝတ်စုံနဲ့ ခန့်ညားသန့်ပြန့်နေပြီး မိန်းကလေးတိုင်းကို ကြွေစေလောက်တာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် နေတိုးရဲ့ ပွဲတက်ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

နေတိုးက အသက် သုံးဆယ်ကျော် လေးဆယ်နီးပါးအရွယ်ကို ရောက်ရှိနေတာဖြစ်ပြီး ငယ်ငယ်ကအတိုင်း ဘာမှပြောင်းလဲခြင်းမရှိပဲ ခန့်ညားတည်ငြိမ်မှုတွေနဲ့ ပိုလို့တောင် ချောလာတာကို တွေ့ရပါတယ်။

နေတိုးကတော့ ပရိသတ်တွေ ကြွေရအောင် အပြုံးချိုချိုလေးတွေနဲ့ ခြွေလိုက်ပြန်ပါပြီနော်။ ပရိသတ်ကြီးလည်း နေတိုးရဲ့ ပွဲတက်ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို  ကျေးဇူးအူထူးတင်ရှိပါတယ်။