အမြွာကလေးနှစ်ယောက်ရဲ့ အစားစားပြခြင်းအစီအစဉ်(Mukbang) အနေနဲ့ သူတို့၏ Youtube Channel မှာ ရေဘဝဲကြီးကို စားပြခဲ့ပါတယ်။Video ရဲ့ခေါင်းစဉ်ကတော့ “15ကီလိုဂရမ် အလေးချိန်ရှိတဲ့အမြွာနှစ်ယောက်ဟာ 10ကီလိုဂရမ်ရှိတဲ့ ရေဘဝဲကြီးကိုစားခြင်း” ဆိုပြီး လူအများစိတ်ဝင်စားအောင် လုပ်ခဲ့ပါတယ်။

ကလေးငယ်နှစ်ဦးဟာ ရေဘဝဲရဲ့ခြေထောက်ကို ဝါးစားနေပြကြပြီး မောပန်းနေတဲ့ပုံလည်း ပေါက်နေကြတယ်လို့ ကြည့်ရူသူတွေကဆိုပါတယ်။လူအများကတော့ ဒါမျိူးဟာအသက်ငယ်ရွယ်သေးတဲ့ ကလေးတွေအတွက် မသင့်တော်ဘူးဆိုပြီး youtube channel လိုင်းမှာ အပြစ်တင်တဲ့ မှတ်ချက်တွေပေးခဲ့ကြပါတယ်။
ဒါပေမဲ့ တချို့လူတွေကတော့ မိဘတွေဟာ ကလေးတွေနဲ့ အပျော်သက်သက်လုပ်တာဖြစ်လို့ အရေးမကြီးဆိုတဲ့ အထင်တွေလည်းပေးခဲ့ကြပါတယ်။ မိဘတွေကလည်း ပိုကောင်းပြီးသင့်လျှော်တဲ့ပုံစံမျိုးတွေနောက်လုပ်ပါ့မယ်ဟု ဆိုပြီး videoကို ပြန်ဖျက်သွားခဲ့ပါတယ်၊
အခုတလော ကိုရီးယားမှာပါ ကလေး youtube channelလိုင်း တွေပေါများလာပြီး ဒီလိုလူထုထဲရေပန်းစားလာတာနဲ့အမျှ သူတို့ရဲ့ youtube channel ကြည့်ရူနန်းများဖို့နဲ့ နာမည်ကြီးလာပြီးပိုက်ဆံရဖို့အတွက် မိဘတွေက ကလေးငယ်တွေနဲ့ မသင့်တော်တဲ့လုပ်ရပ်တွေကို စေခိုင်းလာကြပါတယ်။