ရှေးတုန်းကတော့ အိမ်မက်တွေရဲ့ အဓိပ္ပါယ်ကိုသိဖို့အတွက် ရှေ့ဖြစ်ဟောတဲ့ ဗေဒင်ဆရာတွေဆီမှာ သွားမေးကြရပါတယ်။ ဒါပေမဲ့ (၂၁)ရာစုခေတ်ကြီးထဲမှာတော့ စိတ်ပညာရှင်တွေ၊ စိတ်ကျန်းမာရေးဆရာဝန်တွေရှိနေပြီဖြစ်လို့ အိပ်မက်တွေရဲ့ အဓိပ္ပါယ်တွေအပြင် ဘာကြောင့် ဘယ်လိုအိပ်မက်တွေ မက်တာဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတွေကို သိနိုင်နေပြီဖြစ်ပါတယ်။ အခုဖေါ်ပြမယ့် အိပ်မက်အဓိပ္ပါယ်တွေကတော့ အတိအကျကြီးမဟုတ်ပေမဲ့ ယေဘုယျအားဖြင့်တော့ မှန်ကန်မှုရှိတဲ့ အချက်အလက်တွေဖြစ်ပါတယ်။

၁။ နောက်က အလိုက်ခံရတယ်

ဒီ အိပ်မက်မျိုးကတော့ စိုးရိမ်ကြောင့်ကြမှုတွေ အရမ်းရှိတဲ့အခါမှာ မက်တတ်ပါတယ်။ လူအများစုကတော့ ဒီအိပ်မက်မျိုးမက်ဖူးကြမှာပါ။ ကိုယ် အကြာကြီးစိုးရိမ်ခဲ့ရတဲ့ကိစ္စတစ်ခုကို ရင်ဆိုင်ရမယ့် အချိန်ရောက်လာတဲ့အခါမျိုးမှာ မက်တတ်ပါတယ်။

၂။ သွားကျိုးတယ်

သွားက လူတစ်ယောက်ရဲ့ ကိုယ်ကိုယ်ကိုထိန်းချုပ်နိုင်စွမ်းနဲ့ ယုံကြည်မှုကို ကိုယ်စားပြုတာဖြစ်ပြီး သွားကျိုးတဲ့ အိပ်မက်ဆိုတာက လက်တွေ့ဘဝမှာ ကိုယ့်ကို ယုံကြည်ချက်ပျောက်စေတဲ့ ကိစ္စတစ်ခုကို ကြုံတွေ့ရလို့ ဖြစ်ပါတယ်။ တချို့က သွားကြိုးတာ မကောင်းတဲ့အိပ်မက်လို့ပြောကြပေမဲ့ အမှန်တော့ ကိုယ်ရဲ့ ဘဝမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကြောင့်ဖြစ်ပါတယ်။

၃။ နာမည်ကျော်တစ်ယောက်နဲ့ တွေ့တယ်

အနုပညာရှင်ကတော့ အသိအမှတ်ပြုခံချင်တဲ့ ကိုယ့်ဘဝရဲ့ လိုအပ်ချက်တွေကို ကိုယ်စားပြုပါတယ်။ အိပ်မက်ထဲမှာ ကိုယ်တွေ့ရတဲ့ အနုပညာရှင်ပေါ်မူတည်ပြီး ကိုယ်က ဘယ်လိုအရည်အချင်းတွေကို တန်ဖိုးထားတယ်ဆိုတာသိနိုင်ပါတယ်။

၄။ ပိုက်ဆံတွေ အိပ်မက်မက်တယ်

ပိုက်ဆံတွေ အိပ်မက်မက်တာကတော့ ဘဝရဲ့ တန်ဖိုးပြောင်းလဲသွားတယ်လို့ အဓိပ္ပါတယ်ရပါတယ်။ အကြောင်းတခုခုနဲ့ ပိုက်ဆံတွေ နိုင်တယ်လို့ အိပ်မက်မက်ရင်တော့ ဘဝရဲ့ အောင်မြင်ကြွယ်ဝမှုတွေက လက်တစ်ကမ်းအလိုမှာ ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

၅။ ဆုံးပါးသွားပြီဖြစ်တဲ့ သူငယ်ချင်း (သို့) မိသားစုဝင်ကို တွေ့တယ်

သေဆုံးပြီးသွားတဲ့ သူအကြောင်းကို အိပ်မက်မက်တယ်ဆိုတာက ကိုယ်ရဲ့ လက်တွေ့ဘဝမှာ မကောင်းတဲ့သူတွေရဲ့ လွှမ်းမိုးခြင်းကို ခံနေရတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

၆။ ပြုတ်ကျတယ်

ဒီအိပ်မက်ကတော့ လက်တွေ့ဘဝမှာ ထိန်းချုပ်လို့မရတဲ့ကိစ္စတွေကြောင့် စိတ်ဖိစီးမှုများပြီး မက်တာဖြစ်ပါတယ်။ အချစ်ရေးနဲ့ အလုပ်မှာ ပြဿနာတွေရှိနေတယ်လို့ ကိုယ့်ရဲ့ မသိစိတ်ကနေ သတိပေးလိုက်တာဖြစ်ပါတယ်။

၇။ ကျောင်း(သို့)စာသင်ခန်း

ဒီလိုအိပ်မက်ကတော့ လူတိုင်းမကြာခဏမက်တတ်ကြပါတယ်။ စာမေးပွဲကို စာမကျက်ပဲသွားဖြေလိုက်ရတဲ့ အိပ်မက်မျိုးပေါ့။ ဒီလို အိပ်မက်ကတော့ ကိုယ့်ကို လက်တွေ့ဘဝမှာ သတိရှိရှိနေဖို့အတွက် သတိပေးလိုက်တာဖြစ်ပါတယ်။ ကျောင်းကတော့ ကိုယ်ရဲ့ အလုပ်ကို ကိုယ်စားပြုပါတယ်။ အဲဒါကြောင့် အလုပ်မှာကြုံတွေ့ရမယ့် ပြဿနာတွေ၊ ယှဉ်ပြိုင်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။

၈။ ပန်းခြံကို အိပ်မက်မက်တယ်

ဒါကတော့ လက်တွေ့ဘဝမှာ နှစ်သိမ့်အားပေးမှုတွေ လိုအပ်နေလို့ မက်တာဖြစ်ပါတယ်။

၉။တစ်စုံတစ်ယောက်ကို သတ်လိုက်တယ်

ကိုယ်ရဲ့ လက်တွေ့ဘဝမှာ ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခု ရုတ်တရက်ဖြစ်သွားတဲ့အခါ ဒီလိုအိပ်မက်မက်တက်ပါတယ်။ ဥပမာ တိရိစ္ဆာန်တစ်ကောင်ကို သတ်လိုက်တယ်ဆိုတဲ့ အိပ်မက်က မိမိရဲ့ အကျင့်တစ်ခုခု ပြောင်းလဲသွားတာကြောင့်ဖြစ်ပါတယ်။

Source: Secret Energy

Unicode Version