အောက်တိုဘာလ ၇ ရက်နေ့မှာ ကတ်တမင်း အလေးချိန် ဝ.၄ ဂရမ်ရှိတဲ့ ဆေးပြား ၁၀ ပြား လက်ဝယ်တွေ့ရှိမှုနဲ့ ပတ်သတ်ပြီး အဆိုတော်ဖြိုးပြည့်စုံနှင့် အတူ တေးရေးဆရာ ၂ ဦး ဖမ်းဆီး ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့မှာတော့ ဖမ်းဆီး ထိန်းသိမ်းခြင်းက ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။ မှားယွင်း ဖမ်းဆီးခြင်း ဖြစ်တဲ့အတွက် ပြန်လည် လွတ်မြောက်လာတာဖြစ်ပါတယ်။ စတင် ဖမ်းဆီးကတည်းက ဖြိုးပြည့်စုံနဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ထို့အတူ အနုပညာရှင် မောင်နှမတွေကလည်း မှားယွင်းကြောင်းကို ဝိုင်းဝန်း ထောက်ပြခဲ့ကြပါတယ်။ ဖမ်းဆီးစဉ်အချိန်ခါကလည်း ဖမ်းဆီးမှုတွင် ရိုက်ပုတ်မှုများ ရှိတဲ့ အတွက် ပရိတ်သတ်တော်တော်များများကလည်း မကျေနပ်ခဲ့ကြတာတော့ အမှန်ပါပဲ။ ထိုကဲ့သို့ ဖမ်းဆီးမှုကို အဆိုတော် ရဲနောင်က အင်တာဗျူး တစ်ခုမှာ ယခုကဲ့သို့ ဝေဖန်ထားပါတယ်။

ညပိုင်းမှာ သတင်းစတင် ဖတ်မီကတည်းက တစ်ခုခု လွဲနေပြီဖြစ်ကြောင်း၊ ဖမ်းဆီးချိန်မှာ ကိုငြိမ်းချမ်းကို ကို ရိုက်ပုတ်မှုတွေ ပြုလုပ်ခဲ့ခြင်းကြောင့် မကျေနပ်ကြောင်း၊ အာဏာပြချင်လို့ လူဇော်လုပ်ချင်လို့ ပြုလုပ်တာဖြစ်ကြောင်း၊ မှားယွင်းဖမ်းဆီးမှုကြောင့် ဖြိုးပြည့်စုံသာမက အနုပညာရှင်များစွာကို နစ်နာစေကြောင်း၊ လွတ်မြောက်မှုအတွက် ပျော်ရွှင်ပါကြောင်း၊ မှားယွင်းဖမ်းဆီးခဲ့ပြီး အဖြစ်မှန်သိတဲ့အတွက် ပြန်လည်လွတ်ပေးတဲ့ တာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်း၊ သို့ပေမယ့် ဖမ်းဆီးစဉ်မှာ ရိုက်ပုတ်ခဲ့သူကိုတော့ မကျေနပ်ကြောင်း ဖြေကြားခဲ့ပါတယ်။

ဒ့ါအပြင် ယခုကဲ့သို့ မှားယွင်း ဖမ်းဆီးမှုကြောင့် ဖြိုးပြည့်စုံအပေါ်မှာ နစ်နာမှုများ ရှိခဲ့ကြောင်း၊ ယင်းနစ်နာမှုကိုလည်း တာဝန်ယူ လိုစေကြောင်း၊ သူတို့ ၃ ဦးကို မနာလိုတဲ့လူက တမင် သတင်းပေးတာဖြစ်နိုင်ကြောင်း၊ ယင်းအကြောင်းအရာနဲ့ပတ်သတ်ပြီး လူချစ်အောင်နေလည်း လူမုန်းများတယ်ဆိုတဲ့ သင်ခန်းစာရရှိခဲ့ကြောင်း ဖြောကြားခဲ့ပါတယ်။ အဆိုပါ ဖြိုးပြည့်စုံအဖမ်းခံရတဲ့ အမှုနဲ့ပတ်သတ်ပြီး လူမှုကွန်ယက်မှာ ဝေဖန်မှုတွေဟာ တော်တော်လေးကို ပြင်းထန်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ မှားယွင်းဖမ်းဆီးမှုအတွက်လည်း ပြန်လည်တာဝန်ပေးသင့်ကြောင်းကိုလည်း တော်တော်များများက လူမှုကွန်ယက်တွေမှာ တောင်းဆိုထားတာတွေ့ရပါတယ်။ ပရိတ်သတ်ကြီး ချစ်တဲ့ အဆိုတော် ဖြိုးပြည့်စုံ ပြန်လည် လွတ်မြောက်လာတဲ့အတွက် အားလုံးပဲ ဝမ်းသာမိမှာ အမှန်ပါပဲနော်။

( ရုပ်သံကြည့်ရန် )