ဖြိုးမြတ်အောင်ဟာ Myanmar Idol Season3 ရဲ့ Winner ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပရိသတ်အခိုင်အမာ ရရှိနေပြီဖြစ်တဲ့ အဆိုရှင် တစ်ဦးဖြစ်ပါတယ် မကြာသေးမီက သူ့ရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ “သင့်အတွက် မနက်ဖြန်” တေးစီးရီး ထွက်ခဲ့ပြီးတော့ စတင်မိတ်ဆက်ပြီး နာရီဝက်အတွင်းမှာပဲ အခွေတွေ အားလုံးရောင်းကုန်သွားခဲ့ပါတယ်။

အဲဒီလောက် ထိ ဝက်ဝက်ကွဲ အားပေးတဲ့ ပရိသတ်တွေကို ပိုင်ဆိုင်ထားတဲ့ ဖြိုးမြတ်အောင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း “မြမြ” ရုပ်ရှင်ဇာတ်ကားကနေ နှုတ်ထွက်ခဲ့သူတစ်ဦး ဖြစ်ပါတယ် မင်းသားတစ်ဦးအဖြစ် အဆိုပါဇာတ်ကားမှာ ရိုက်ကူးဖို့ ကမ်းလှမ်းခံခဲ့ရပြီး ကန်တော့ပွဲ ပေးပြီးကာကျမှ နှုတ်ထွက်ခဲ့ရတာလည်း ဖြစ်ပါတယ်။

မြန်မာပလာဇာက ကော်ဖီဆိုင်တစ်ဆိုင်မှာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဖြိုးပြည့်စုံနဲ့ ပတ်သက်ပြီးတော့လည်း ဖြိုးမြတ်အောင်က သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ “ခုတစ်လော ဖြိုးတွေကံ နိမ့်အါးလုံးကျန်းမာချမ်းသာကြပါ စေ” ဆိုပြီး စိတ်မကောင်းဖြစ်ရတဲ့အကြောင်းရေးသားထားခဲ့တာ တွေ့ရပါတယ်။

ဖြိုးပါတဲ့ နာမည်ပိုင်ရှင်တွေ ခုလို ကံနိမ့်နေကြတာကို ဆိုလိုတာဖြစ်ပြီးတော့ အားလုံး ကျန်းမာချမ်းသာကြဖို့ ဆုတောင်းပေးခဲ့တာလည်း ဖြစ်ပါတယ် ကိုယ်တိုင်ကလည်း ဖြိုးပါတဲ့ နာမည်ပိုင်ရှင်ဖြစ်တာကြောင့် ဖြိုးမြတ်အောင်မှာလည်း ကံနိမ့်ပြီး အဆင်မပြေမှုတွေ ရှိနေဟန်လည်း တူပါတယ်အဲတာကြောင့်ပဲ သူ့ရဲ့ ပို့စ်အောက်လေးမှာ ပရိသတ်တွေက ဘုရားတရားများများလုပ်ပေးပါ ဘုရားတရားကိုင်းရှိုင်းတဲ့အစ်ကိုကြီး ဒုက္ခမရောက်ပါဘူးအဆင်ပြေပါစေ စသဖြင့် ပရိသတ်တွေက အားပေးစကားတွေ ပြောကြားခဲ့တာကို တွေ့ရပါတယ်။ပရိသတ်ကြီးတို့မှာလည်း “ဖြိုး”ဆိုတာပါတဲ့ နာမည်ပိုင်ရှင်တွေရှိရင် အားလုံးပဲ ကံကောင်းကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။