သီချင်းဆိုရတာကို ဝါသနာပါလွန်းလို့ အကောင်းဆုံးသော အနုပညာတွေကို ပရိသတ်တွေဆီ ချပြလေ့ရှိတဲ့ အဆိုတော်မလေး စန္ဒီမြင့်လွင်ကတော့ သူမကို အရမ်းချစ်တဲ့ ခင်ပွန်းနဲ့ ချစ်စရာသမီးလေးကို ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရှင်မတစ်ဦး ဖြစ်နေပါပြီ။ လတ်တလောမှာတော့ စန္ဒီမြင့်လွင်က သူမနဲ့ ချွတ်စွပ်တူပြီး အရမ်းကို ချစ်ဖို့ကောင်းတဲ့ သမီးလေး ထရက်ရှာကို ချစ်မဝဖြစ်နေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ သမီးလေးကို ပျော်ရွှင်စေချင်တဲ့ မေမေ စန္ဒီမြင့်လွင်ကတော့ တကယ့်ကို ချစ်တတ်လွန်းတဲ့ မေမေပါပဲနော်။

ချစ်ပရိသတ်တွေအတွက် စန္ဒီမြင့်လွင်နဲ့ ချစ်စရာသမီးလေး ထရက်ရှာတို့ သားအမိရဲ့ချစ်စရာအလှပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

စန္ဒီမြင့်လွင်ကတော့ “မေမေ့သမီးလေးမေ့မေ့ရင်ခွင်ထဲအမြဲပျော်ရွှင်ပါစေ” ဆိုပြီး ချစ်ရတဲ့ သမီးလေးကို ပျော်ရွှင်စေချင်တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ စန္ဒီမြင့်လွင်နဲ့ ကိုသီဟလွင်တို့ရဲ့တစ်ဦးတည်းသော သမီးလေး ထရက်ရှာကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၁၄) ရက်နေ့ မှာ မွေးဖွားသန့်စင်ခဲ့တာဖြစ်ပြီး၊ အခုဆိုရင် (၃) လ ပြည့်တော့မှာပဲ ဖြစ်ပါတယ်။

အဆိုတော် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ စန္ဒီမြင့်လွင်ကတော့ သူမကို အရမ်းချစ်တဲ့ ခင်ပွန်းနဲ့ လက်ထပ်ခဲ့တာ အခုဆိုရင် အိမ်ထောင်သက်တမ်း (၂) နှစ်ကျော်သွားပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ စန္ဒီမြင့်လွင်က သမီးလေးကိုထိန်းရင်း၊ သီချင်းသစ်တွေလည်း ဖန်တီးဖြစ်နေတာ တွေ့ရပါတယ်ချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်ဖို့ကောင်းလွန်းတဲ့ စန္ဒီမြင့်လွင်တို့ သားအမိကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။