သားယောင်္ကျား အမွှာလေး မွေးပေးလို့ မိန်းမကို ဂုဏ်ပြုရမယ်လို့ ယောကျာၤး တွေးထားတဲ့ အတွေးတွေ ခုတော့ လွင့်စင်ပပျောက် ကုန်ပြီ မိန်းမရေ…သမီးလေးရယ် သားလေးရယ် အမွှာလေးထဲက အကြီးကောင်လေးနဲ့ ယောကျားင်္တို့ ကို မိန်းမထားခဲ့ ပီပေါ့မိန်းမရယ် အမွှာသားအငယ်လေးကလဲ ဆုံး မိန်းမကလဲ ဆုံး ယောင်္ကျား ဘယ်လိုတွေ ဖြေသိမ့်ရမလဲ 10.9.2019

မနက် 7 နာရီ အချိန်မှာ မိန်းမ သားအမွှာလေး ၂ ယောက်ကို မွှေးပေးခဲ့တယ်နော် …ယောကျာၤး ပျော်လို့ မဆုံးဖြစ်ခဲ့ရတယ် မိန်းမရယ် ဘာလို့လဲ ဆိုတော့ သားယောကျာၤးအမွှာလေး တွေဆိုတော့ ပျော်တာပေါ့ မိန်းမရယ်…ဒါပေမဲ့ ယောကျာၤး အပျော်တွေ မပြည့်ဝသေးခင်မှာ ဝမ်းနဲစရာတွေ စတင်ပီး အစပျိုးခဲ့ပီပေါ့ မိန်းမရယ်…အမွှာ ကိုယ်ဝန်မို့လို့ မြို့နယ်ဆရာဝန်ကြီး ဆီမှာ ခွဲမွှေးဖို့ အပ်ထားတာ .ခုတော့ မွေးမဲ့မွေးတော့ ငါ့မိန်းမကို ရိုးရိုး မွေးတဲ့ သားဖွားခန်းထဲထည့် ပီး အပြာနပ်စ် တယောက်နဲ့ ရိုးရိုးလုပ်သား တယောက် ဖြစ်ကတက်ဆန်း မွေးချလိုက်တယ်

ရက်စက်လိုက်ကြတာ …ကိုယ်ချင်းစာ တရားမရှိတဲ့ လူတန်းစားတွေရဲ့ လုပ်ရပ်ကြောင့်ကြမ္မာဆိုး တွေ စတင်ခဲ့ ပီပေါ့ မိန်းမရယ်…အမွှာ အကြီးလေး က နေရာ အထားသို မှန်တော့ ဘာမှ မဖြစ်ခဲ့ပေမဲ့ အငယ်လေးက နေရာ အထားအသို လွဲနေတာကို မရ ရအောင် ဆွဲထုတ် မွေးခဲ့တော့ ငါ့မိန်းမမှာ မချိမဆန့် ဝေဒနာ ခံစားခဲ့ရတယ်.အဲလိုတွေဖြစ်မှာစိုးလို့ ကျောင်းကုန်းမြို့နယ် မြို့နယ်ဆရာဝန်ကြီးကို ခွဲမွေးဖို့ အပ်ထားတာ ခုတော့ လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ အမွှာကိုယ်ဝန်ကို ဖြစ်သလို မွေးချလိုက်တယ် မိန်းမရယ်

ယောကျား ၤဘယ်လိုတွေ ဖြေသိမ့်ရမလဲ.ခုတော့ မိန်းမလဲ ဆုံးရှုံး အမွှာသား အငယ်လေးကိုလဲ ဆုံးရှုံးခဲ့ရတယ်…ကိုယ်ချင်းစာတရားမရှိ စာနာမူ့မရှိတဲ့ လူတွေရဲ့ လုပ်ရပ်ကြောင့် ပေးဆပ်လိုက်ရတဲ့ ပေးဆပ်မူ့ကြီးက ကြီးမားလိုက်တာ မိန်းမရယ်…သူတို့ မိသားစု သူတို့ ညီအကိုမောင်နှမ အသိုင်းအဝိုင်းတွေဆို သူတို့ အဲ့လို မွေးပါ့မလား.ခုတော့ ငါ့မိန်းမကို မွေးလိုက်ကြတယ် နောက်ဆုံးတော့ အတွင်းကလီစာတွေ အကုန်ထိပီး သွေးနုသားနုနဲ့ ငါ့မိန်းမ ရောဂါဝေဒနာကို မချိမဆန့် ခံစားခဲ့ရတယ်

သားလေးတွေနဲ့လဲ မတွေ့လိုက်ရ ဒီကြားထဲ အမွှာသားအငယ်လေးကလဲ ၁၃ ရက်သားပဲ ရှိသေးတယ် အသက်ပါပေးဆပ်လိုက်ရပြန်တယ်.မိန်းမ မှာလဲ ရောဂါဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားရနေရတဲ့ အချိန် ကျောက်ကပ်တောင် ၈ ခါဆေးရတယ် ဆိုတော့ မိန်းမရယ် ပြင်းလိုက် တဲ့ ဝေဒနာတွေ သွေးနုသားနု နဲ့ကို ကုသမူ့တွေကလဲ ပြင်းထန်ပါတယ် မိန်းမရယ်.ယောကျာၤးလဲ အတတ်နိူင်ဆုံး ကယ်ခဲ့ပေမဲ့ မကယ်လိုက်နိူင်ခဲ့ဘူး မိန်းမရယ် အမွှာ သားအငယ်လေးကို 23.9.2019 မှာ ဆုံးရှုံးလိုက်ရပြီး

2.10.2019 မှာ မိန်းမကို ထပ်ဆုံးရှုံးလိုက်ရတယ် ဘယ်လိုတွေ များ ယောင်္ကျားဖြေသိမ့်ရမလဲ မိန်းမရယ် ခုတော့ သမီးလေးရယ် သားလေးရယ် အမွှာသားအကြီးလေးနဲ့ ယောင်္ကျားကို ထားခဲ့ပီပေါ့ …အမွှာသားအငယ်လေးနဲ့ မိန်းမက ယောကျာၤးတို့ သားအဖတွေကို ခွဲခွါ ထားခဲ့ပီပေါ့…ဖြေသိမ့်စရာတွေလဲ မရှိတော့ပါဘူး မိန်းမရယ် မိန်းမနဲ့ သားငယ်လေးတို့ မြင့်မြတ်တဲ့ ကောင်းရာမွန်ရာ ဘုံဘဝ ကို ရောက်ပါစေလို့ ယောင်္ကျား ဆုတောင်းပေးလိုက်ပါတယ် မိန်းမ နဲ့ သားငယ် လေးရေ အမျှပေးဝေပါတယ်…ယောကျာၤး အမျှပေးဝေလိုက်ပါတယ်

မိန်းမ နဲ့ သားငယ်လေးရေ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော်ဝ် သာဓု သာဓု သာဓု ( ၃ ) ကြိမ်ပေးဝေပါ၏ မိန်းမနဲ့ သားငယ်လေးရေ

Credit-Nay Min