နိုင္ငံေက်ာ္ အနုပညာရွင္မ်ားျဖစ္တဲ့ အကယ္ဒမီ ေျပတီဦးနဲ့ အကယ္ဒမီ အိျႏၵာေက်ာ္ဇင္တို့က အနုပညာလုပ္ငန္းေတြမွာထူးခၽြန္သလို စိတ္သေဘာထားျပည့္ဝတဲ့ ဇနွီးေမာင္နွံ ျဖစ္ပါတယ္။

ေျပတီဦးနဲ့ အိျႏၵာေက်ာ္ဇင္က ေျပတီဦး ေဖာင္ေဒးရွင္းဆိုျပီး ပညာသင္ရန္ အခက္အခဲျဖစ္ေနတဲ့ တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူေတြကို ပညာသင္စရိတ္ ေထာက္ပံ့ေပးေနတာပဲ ျဖစ္ပါတယ္။ မေန့က စက္တင္ဘာလ (၈) ရက္ေန့မွာေတာ့ ေျပတီဦးပညာေရး​ေဖာင္​​ေဒး႐ွင္​းရဲ႕ (၁၀) နွစ္ျပည့္ နွစ္ပတ္လည္ေန့ေလး က်င္းပခဲ့တာ ျဖစ္ပါတယ္။

ေျပတီဦးပညာေရး ေဖာင္ေဒးရွင္းရဲ့ ဥကၠဌျဖစ္သူ ေျပတီဦးက သူတည္ေထာင္ခဲ့တဲ့ ေဖာင္ေဒးရွင္းရဲ့ (၁၀) နွစ္တာ အမွတ္တရေတြ၊ ပီတိေတြကို အခုလိုပဲ ေျပာျပလာပါတယ္။ “မတည္ေငြ သိန္း ၁၀၀ နဲ့အစျပုခဲ့တဲ့ ေဖာင္းေဒးရွင္းေလးဟာ အခုဆိုရင္ ၁၀ နွစ္းသားျပည့္ခဲ့ပါျပီ။”

“အဆင္ေျပပါ့မလား ေရရွည္ရပ္တည္နိုင္ပါ့မလား ဆိုတဲ့ စိုးရိမ္စိတ္ေတနဲ့ အစျပုခဲ့ရေပမယ့္ အခုေတာ့ က်ြန္ေတာ့္ရဲ့ အနုပညာညီအကိုေမာင္နွမေတြ ၊ မိဘျပည္သူပရိသတ္ေတြ က်ြန္ေတာ့္ကိုပံ့ပိုးေပးခဲ့ျကတဲ့ စီးပြားေရးလုပ္ငန္းရွင္ေတ..ေဖာင္ေဒးရွင္းအဖြဲ့ဝင္ေတြရဲ့ ကူညီအားေပးမွုေတေျကာင့္ ခိုင္ခိုင္မာရပ္တည္နိုင္ျပီး ဆရာဝန္ ၆၄ ေယာက္.. အဂ်ၤီနီယာ ၆ ေယာက္ အလုပ္သင္ဆရာဝန္ ၁၇ ေယာက္ စတဲ့ ရလာဒ္ေကာင္းမ်ားကိုပိုင္ဆိုင္ျပီး မိဘျပည္သူမ်ားကို ခ်ျပနိုင္ခဲ့ျပီျဖစ္ပါတယ္.”

“ဒါ့အျပင္လက္ရွိ ေက်ာင္းသား ၁၀၀ ခန့္ကိုလည္းလစဥ္ကူညီျပီး ေက်ာင္းထားေပးလ်က္ရွိပါတယ္။ အခုအခ်ိန္ထိ ေက်ာင္းသားမ်ားအတြက္ သိန္း ၈၅၀၀ ကို သံုးစြဲခဲ့ျပီး အခုလက္ရွိ ေက်ာင္းတက္ေနေသာ ကေလးမ်ားအတြက္ လစဥ္ က်ပ္သိန္း ၁၀၀ ေက်ာ္ သံုးစြဲလ်က္ရွိပါတယ္။”

“ဒီေန့ပြဲေလး ေအာင္ေအာင္ျမင္ျမင္က်င္းပနိုင္ရန္ အခမ္းအနားသို့ မအားမလပ္သည့္ျကားမွ ခ်စ္ခင္မွုျဖင့္ တက္ေရာက္ေပးျကေသာ ခ်စ္ ညီအကိုေမာင္နွမ်ား ဝိုင္းဝန္းလွူဒါန္းေပးျကပါေသာ အလွူ့ရွင္မ်ားအားလံုးနွင့္တကြ ဘုန္းဘုန္း ဆရာေတာ္ ရွင္ေဆကိနၵကို ရွိခိုးဦးတင္လ်က္ ေက်းဇူးတင္ရွိပါေျကာင္း..ေက်းဇူးတင္ထိုက္သူမ်ားအားလံုးကို ေက်းဇူးအထူးတင္ရွိေျကာင္းပါခင္္ဗ်ာ” ဆိုျပီး ေက်းဇူးတင္စကားေလး ဆိုထားပါတယ္။

ေျပတီဦးရဲ႕ ပညာေရးေဖာင္ေဒးရွင္းကေနျပီး တုိင္းျပည္အတြက္ လူေတာ္၊ လူရည္ခၽြန္ (၇၇) ေယာက္ကို ေမြးထုတ္ေပးခဲ့တာပဲ ျဖစ္ပါတယ္။ ေျပတီဦးရဲ့ ပညာေရးေဖာင္ေဒးရွင္းၾကီး ဒီထက္မက အဒြန့္ရွည္ တည္တံ့ပါေစလုိ့ ဆုေတာင္းေပးလိုက္ပါတယ္။ ခရက္​ဒစ္​

Unicode Version

နိုင်ငံကျော် အနုပညာရှင်များဖြစ်တဲ့ အကယ်ဒမီ ပြေတီဦးနဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့က အနုပညာလုပ်ငန်းတွေမှာထူးချွန်သလို စိတ်သဘောထားပြည့်ဝတဲ့ ဇနှီးမောင်နှံ ဖြစ်ပါတယ်။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က ပြေတီဦး ဖောင်ဒေးရှင်းဆိုပြီး ပညာသင်ရန် အခက်အခဲဖြစ်နေတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကို ပညာသင်စရိတ် ထောက်ပံ့ပေးနေတာပဲ ဖြစ်ပါတယ်။ မနေ့က စက်တင်ဘာလ (၈) ရက်နေ့မှာတော့ ပြေတီဦးပညာရေးဖောင်ဒေးရှင်းရဲ့ (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့လေး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ပြေတီဦးပညာရေး ဖောင်ဒေးရှင်းရဲ့ ဥက္ကဌဖြစ်သူ ပြေတီဦးက သူတည်ထောင်ခဲ့တဲ့ ဖောင်ဒေးရှင်းရဲ့ (၁၀) နှစ်တာ အမှတ်တရတွေ၊ ပီတိတွေကို အခုလိုပဲ ပြောပြလာပါတယ်။ “မတည်ငွေ သိန်း ၁၀၀ နဲ့အစပြုခဲ့တဲ့ ဖောင်းဒေးရှင်းလေးဟာ အခုဆိုရင် ၁၀ နှစ်းသားပြည့်ခဲ့ပါပြီ။”

“အဆင်ပြေပါ့မလား ရေရှည်ရပ်တည်နိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်တေနဲ့ အစပြုခဲ့ရပေမယ့် အခုတော့ ကျွန်တော့်ရဲ့ အနုပညာညီအကိုမောင်နှမတွေ ၊ မိဘပြည်သူပရိသတ်တွေ ကျွန်တော့်ကိုပံ့ပိုးပေးခဲ့ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တေ..ဖောင်ဒေးရှင်းအဖွဲ့ဝင်တွေရဲ့ ကူညီအားပေးမှုတေကြောင့် ခိုင်ခိုင်မာရပ်တည်နိုင်ပြီး ဆရာဝန် ၆၄ ယောက်.. အဂျၤီနီယာ ၆ ယောက် အလုပ်သင်ဆရာဝန် ၁၇ ယောက် စတဲ့ ရလာဒ်ကောင်းများကိုပိုင်ဆိုင်ပြီး မိဘပြည်သူများကို ချပြနိုင်ခဲ့ပြီဖြစ်ပါတယ်.”

“ဒါ့အပြင်လက်ရှိ ကျောင်းသား ၁၀၀ ခန့်ကိုလည်းလစဉ်ကူညီပြီး ကျောင်းထားပေးလျက်ရှိပါတယ်။ အခုအချိန်ထိ ကျောင်းသားများအတွက် သိန်း ၈၅၀၀ ကို သုံးစွဲခဲ့ပြီး အခုလက်ရှိ ကျောင်းတက်နေသော ကလေးများအတွက် လစဉ် ကျပ်သိန်း ၁၀၀ ကျော် သုံးစွဲလျက်ရှိပါတယ်။”

“ဒီနေ့ပွဲလေး အောင်အောင်မြင်မြင်ကျင်းပနိုင်ရန် အခမ်းအနားသို့ မအားမလပ်သည့်ကြားမှ ချစ်ခင်မှုဖြင့် တက်ရောက်ပေးကြသော ချစ် ညီအကိုမောင်နှများ ဝိုင်းဝန်းလှူဒါန်းပေးကြပါသော အလှူ့ရှင်များအားလုံးနှင့်တကွ ဘုန်းဘုန်း ဆရာတော် ရှင်ဆေကိန္ဒကို ရှိခိုးဦးတင်လျက် ကျေးဇူးတင်ရှိပါကြောင်း..ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းပါခင်ဗျာ” ဆိုပြီး ကျေးဇူးတင်စကားလေး ဆိုထားပါတယ်။

ပြေတီဦးရဲ့ ပညာရေးဖောင်ဒေးရှင်းကနေပြီး တိုင်းပြည်အတွက် လူတော်၊ လူရည်ချွန် (၇၇) ယောက်ကို မွေးထုတ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပြေတီဦးရဲ့ ပညာရေးဖောင်ဒေးရှင်းကြီး ဒီထက်မက အဒွန့်ရှည် တည်တံ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်