ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို တစ်ခဲနက် ရရှိထားတဲ့ မင်းသားချော အကယ်ဒမီ နေတိုးက အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ တက်သစ်စ မင်းသမီးချောလေး နေခြည်ဦးကလည်း အနုပညာသက်တမ်း နုနေသေးပေမယ့် ပရိသတ် အခိုင်အမာရရှိထားပြီး အောင်မြင်နေတာ ဖြစ်ပါတယ်။ ပရိသတ်တွေ ချစ်ကြတဲ့ နေတိုးနဲ့ နေခြည်ဦးတို့ရဲ့ ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၉) ရက်နေ့မှာတော့ နေတိုးနဲ့ နေခြည်ဦးတို့ သရုပ်ဆောင်ထားကြတဲ့ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show မှာ နေတိုးနဲ့ နေခြည်ဦးဟာ လက်ချင်းချိတ်ပြီး စင်ပေါ်တက်လာခဲ့တာကြောင့် ပရိသတ်တွေက သဘောကျနေရတာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် နေတိုးနဲ့ နေခြည်ဦးတို့ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

“အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ပွင့်သီင်္ဂီဇော်က ရိုက်ကူးပုံဖော်ထားပြီး နေတိုး ၊ ရဲအောင်၊ သူရိယ၊ တိုင်ရွန်၊ စိုးမြတ်သူဇာ၊ နေခြည်ဦးနဲ့ မေဘရဏီသော်တို့ က အဓိကပါဝင် သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

 

 

နေတိုးနဲ့ နေခြည်ဦးတို့ကတော့ ပရိသတ်တွေ အသည်းယားရအောင် လုပ်ခဲ့တာပဲနော်။ ပရိသတ်ကြီးလည်း နေတိုးနဲ့ နေခြည်ဦးတို့ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။