ယခုနောက်ပိုင်းနှစ်တွေမှာတော့ ပျိုမေတွေ တဒေါင်းဒေါင်းနဲ့ ဒေါင်းနေကြတဲ့ မင်းသားချောလေး ဒေါင်းကိုတော့ မသိတဲ့သူ မရှိလောက်ဘူးလို့ ထင်ပါတယ်။

ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်နဲ့ ကျရာဇာတ်ရုပ်မှာ သရုပ်ဆောင် ပီပြင်လွန်းလှတာကြောင့်လည်း တခဏအတွင်းမှာ တဟုန်ထိုး နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။ဒေါင်းကတော့ အပြုံးချိုချိုလေးတွေနဲ့ နှုတ်ခမ်းနီမလေးတွေကို စွဲဆောင်နိုင်တာကြောင့်လည်း သူ့နောက်မှာတော့ အားပေးတဲ့ ပရိသတ်တွေ အခိုင်အမာ ရှိနေတာ ဖြစ်ပါတယ်။ဒေါင်းကတော့ ယခုနောက်ပိုင်းမှာတော့ ပရိသတ်တွေကြားမှယ အအောင်မြင်ဆုံးဖြစ်တဲ့ သူစိမ်းအိမ်၊ ဒဏ္ဍာရီမိုး စတဲ့ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး နောက်ထပ် အကောင်းဆုံးဇာတ်ကားတွေမှာလည်း ဆက်တိုက်သရုပ်ဆောင်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

မင်းသားဒေါင်းကတော့ ဒီလိုအောင်မြင်လာတာနဲ့ အမျှအလှူအတန်းဖက်မှာလည်း ရက်ရက်ရောရော လုပ်လာပြီး ပရဟိတ လုပ်ငန်းတွေကိုလည်း လုပ်ကိုင်လာတာ တွေ့ရပါတယ်။လက်ရှိမှာလည်း ဒေါင်းကတော့ ငွေကျပ် ၂၁ ကျော်တန်ဖိုးရှိတဲ့ ဆန် အိတ် ပေါင်း ၁၀၀ ကိုတော့ ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဒေါင်းကတော့ ဒီအလှူလေးကိုတော့ ဦးကျော်သူထောင်ထားတဲ့ နာရေးကူညီမှုအသင်းကို သွားရောက်လှူဒါန်းပေးခဲ့ပြီး ရေဘေးသင့်ပြည်သူတွေအတွက် ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။မင်းသားဒေါင်းကတော့ရုပ်ချော သဘောကောင်းတဲ့ အပြင်ဒီလိုမျိုး အလှူအတန်းဖက်မှာလည်း လက်မနှေးတာကြောင့်လည်း သူ့မှာတော့ အားပေးတဲ့ ပရိသတ်တွေ ပိုလို့တောင်တိုးလာဦးမယ်လို့ ထင်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း မင်းသားဒေါင်းရဲ့ အလှူကို သာဓုခေါ်နိုင်ကြမယ်လို့ ထင်ပါတယ်။