မအေးသောင်းလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ အေးဝတ်ရည်သောင်းကတော့ အပျိုကြီးဆိုတဲ့ဂုဏ်ကို ဒီနေ့ဒီအချိန်ထိ ထိန်းသိမ်းထားနိုင်ဆဲပါ။

အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးခဲ့ပြီး လွန်ခဲ့တဲ့နှစ်အတွင်းမှာမှ ဇာတ်လမ်းတွဲနှင့် ကြော်ငြာတွေရိုက်ကူးပြီး အနုပညာလောကထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။

လူလေးလှသလို စိတ်ထားလေးလည်းကောင်းတဲ့ မင်းသမီးချောလေး အေးဝတ်ရည်သောင်းက လတ်တလောဖြစ်ပေါ်နေတဲ့ မွန်ပြည်နယ် ရေကြီးရေလျှံမှုအတွက် တော်တော်လေး စိတ်မကောင်းဖြစ်နေတာကို တွေ့ရပါတယ်။

အေးဝတ်ရည်သောင်းက “ဒီနေ့ ညနေ မော်လမြိုင်သွားပါမယ်ရှင်။ ကျိုက်မရောမှာရေတက်ပြီး ရေးမြို့ မှာပြန်လည်ထူထောင်ရေးတွေလုပ်နေတာကို ကိုယ်တိုင်သွားပြီးလှူဒါန်းသွားမှာပါ။ အနုပညာမောင်နှမတွေလည်း အတူတူပါဝင်ပါအုံးနော်။🙏” ဆိုပြီး ပရိသတ်တွေကို အသိပေးထားပါတယ်။

Source: Aye Thaung Facebook

Unicode Version