လတ်တလော မုတ်သုန်အားကောင်းပြီး နေရာဒေသတော်တော်များများမှာ မိုးများ အဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလိုဖြစ်ပေါ်တဲ့ ဒေသတွေထဲမှာ မှ မွန်ပြည်နယ်ကတော့ ရေကြီး

ရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် အဆိုးရွားဆုံး ဖြစ်ခဲ့ပြီးလူအသေအပျောက်ပင် ၆၅ ဦးကျော်လာခဲ့ပြီဖြစ်ပါတယ်။

ဒီလိုအခေအြနေမှာ အရပ်ဘက်အဖွဲ့အစည်းတွေရော ၊ မီးသတ်တပ်ဖွဲ့တွေရော ၊ တပ်မတော်သားတွေပါ တက်ညီလက်ညီ ကယ်ဆယ်ရေးတွေ လုပ်နေကြတာကိုလည်းတွေ့ရပါတယ်။

ဒီလို ဘေးအန္တရာယ်ကျရောက်တဲ့ အခြေအနေနဲ့ ပတ်သတ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က တော့ ပျက်စီးသွားတဲ့ အိမ်တွေကို အသစ်ပြန်ဆောက်ပေးမယ် လို့ တိုင်းသိပြည်သိ သတင်းစာ

ရှင်းလင်းပွဲမှာ အတိအလင်း ပြောလိုက်ပါတယ်။

ဒါဟာ ပြည်သူတွေ အတွက် အလွန်ပဲ ဝမ်းသာစရာကောင်းပါတယ်။ တကယ် ဆောက်ပေးမှာလား ၊ ၂၀၂၀ နီးလို့ လား ဆိုတာတော့ အလုပ်က အချိန်က သက်သေပြသွားမှာပါလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဘယ်က ပိုက်ဆံနဲ့ ဆောက်ပေးမှာလဲ ၊ သူ့ပိုက်ဆံနဲ့လား နိုင်ငံတော်ဘဏ္ဍာနဲ့လားလို့ ဝေဖန်မှုတွေကလည်း ရှိနေပါတယ်။

ပရိသတ်ကြီးကရော.. ယုံကြည်တဲ့ ဘက်က ရှိလား ၊ မယုံကြည်တဲ့ ဘက်ကရှိလား အမြင်လေးကို သိပါရစေခင်ဗျာ..

Writer- SMT