မွန်ပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေဘေး အန္တရာယ် ကြုံတွေ့ခဲ့ရသော ကျောင်းရွာ ကျေးရွာရှိ အိမ်ထောင်စု ၄၂ စု၊ လူဦးရေ ၂၂၇ ဦးတို့ကို ဘာကေသရဟံသာ ဘုန်းတော်ကြီးကျောင်း ရေဘေး ကယ်ဆယ်ရေးစခန်းသို့ လည်းကောင်း၊ ဟံဂံကျေးရွာရှိ အိမ်ထောင်စု ၂ဝဝ စု၊

လူဦးရေ ၅ဝ၂ ဦးကို အသောကရာမဘုန်းကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းသို့ လည်းကောင်း၊ ရန်ကြီးအောင်ရပ်ကွက်နှင့် ရန်မျိုးအောင် ရပ်ကွက်များရှိ အိမ်ထောင်စု ၂ဝ၂ စု၊ လူဦးရေ ၈၆၃ ဦးကို ရေးမြို့၊ မိုးလုံလေလုံအားကစားရုံ ရေဘေးကယ်ဆယ်ရေးစခန်းသို့ လည်းကောင်း သြဂုတ် ၉ ရက်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများက ပြောင်းရွှေ့နေရာချထားပေး၍ လိုအပ်သည့်

ကူညီကယ်ဆယ်ရေး လုပ်ငန်း များ ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်ဘူးများ ပေးအပ်လှူဒါန်းပြီး တိုင်းစစ် ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က လိုအပ် သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက် ပေးသည်။

အလားတူ မော်လမြိုင်မြို့ပေါ်ရှိ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သော သီရိမြိုင်ရပ်ကွက်ရှိ အိမ်ထောင်စု ၁၅၄ စု၊ လူဦးရေ ၈၆၂ ဦးကို အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းသို့ လည်းကောင်း၊ သီရိမင်္ဂလာ ရပ်ကွက်ရှိ အိမ်ထောင်စု ၂၈၃ စု၊ လူဦးရေ ၁ဝ၄ဝ ဦးကို ရှင်ဥတ္တမဓမ္မာရုံ၊ ဝင်းစန္ဒာရုံဘုန်းကြီးကျောင်းနှင့် မြို့တော်ဦးကျောင်းတိုက်သို့ လည်းကောင်း၊

ဇော်ကုန်းရပ်ကွက်ရှိ အိမ်ထောင်စု ၇၆ စု၊ လူဦးရေ ၃၆၇ ဦးကို ဇော်ကုန်းဘုန်းကြီးကျောင်းသို့ လည်းကောင်း၊ အောင်မင်္ဂလာ(၂)ရပ်ကွက်ရှိ အိမ်ထောင်စု ၁၃ စု၊ လူဦးရေ ၄၈ ဦးကို ကော့ကလုတ်ဘုန်းကြီး ကျောင်းသို့လည်းကောင်း။

ဈေးကြိုရပ်ကွက်ရှိ အိမ်ထောင်စု ၇၇ စု၊ လူဦးရေ ၃၁၁ ဦးကို တော်ကူးဘုန်းကြီးကျောင်းသို့ လည်းကောင်း၊ သာယာအေးရပ်ကွက်ရှိ အိမ်ထောင်စု ၃ဝ စု၊ လူဦးရေ ၁၂ဝ ဦးကို တိုးဝမူလတန်းလွန်ကျောင်းသို့ လည်းကောင်း၊

လှိုင်ရပ်ကွက်ရှိ အိမ်ထောင်စု ၆၁ဝ စု၊ လူဦးရေ ၂၅ဝ၈ ဦးကို အေးသာယာ မူလတန်းလွန်ကျောင်း၊ သတ္တမစေတီဘုန်းကြီးကျောင်းနှင့် ရတနာသိင်္ဂီ ဘုန်းကြီးကျောင်းသို့ လည်းကောင်း

နယ်မြေခံ တပ်မတော်သားများက ပြောင်းရွှေ့နေရာ ချထားပေးပြီး လို အပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။