အဆိုတော် G Fatt ကတော့လူငယ်တွေကြားရေပန်းစားတဲ့ နာမည်ကြီးအဆိုတော်တစ်ဦးပါ။ လူငယ်အကြိုက်သီချင်းကောင်းတွေရေးစပ်ဖူးသလို အနုပညာအလုပ်တွေလည်း ဆက်တိုက်လုပ်ကိုင်နေသူပါ။အခုဆိုရင်လည်း သီချင်းအသစ်တစ်ခုအတွက် အမေရိကားကို သွားရောက်ခဲ့ပြန်ပါပြီ။

G Fatt ကိုတော့ Mandalay Productions ကနေပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ မိဘမဲ့ကလေးငယ်များအတွက်ရည်ရွယ်ပြီး ဇာတ်ဝင်တေးလေးတစ်ပုဒ်ကို ရေးစပ်သီကုံးစေခဲ့တာပါ။အချိန်ယူပြီးရေးစပ်ထားတဲ့ဒီသီချင်းလေးကတော့ “မေတ္တာ” ဆိုတဲ့ ဇာတ်ကားအတွက်ဖြစ်ပြီး International music video အဖြစ်ဖန်တီးရိုက်ကူးဖို့အတွက် အမေရိကားကိုသွားရောက်ခဲ့ပါတယ်။

အမေရိကကိုသွားရောက်ရတာကြောင့်ပျော်ရွှင်နေတဲ့ G Fatt ကတော့ သူ့ရဲ့ပုံရိပ်တွေကို ဖေ့ဘွတ်မှာပြန်လည်မျှဝေထားပါသေးတယ်။ဒါ့အပြင် ဒီလိုမျိုးသီချင်းဖန်တီးဖို့ ယုံယုံကြည်ကြည်နဲ့ ကမ်းလှမ်းပေးတဲ့ Mandalay Productions ကို ကျေးဇူးတင်ကြောင်းရေးသားထားပါတယ်။ ပရိသတ်ကို အချစ်သီချင်းလေးတွေနဲ့ထိရှခံစားစေတဲ့ G Fatt ကတော့ အခုလိုမျိုးသီချင်းမျိုးမှာလည်း အကောင်းဆုံးဖန်တီးထားမှာသေချာနေပါပြီ။ ပရိသတ်ထဲမှာ G Fatt ကို အားပေးတဲ့သူတွေရှိလားနော်…။