ပျိုမေတို့ ကိုယ့်ချစ်သူဘယ်လမှာမွေးလဲဆိုတာသိရုံနဲ့ သူဖွင့်မပြောတဲ့ စိတ်နေစိတ်ထားနဲ့၊ အကျင့်စရိုက်တွေကို သိနိုင်တယ်နော်။ ကဲ ကိုယ့်ချစ်သူမွေးလကို ရှာပြီး ကိုယ်သိချင်တဲ့ သူ့အကြောင်းလေးကို ဖတ်လိုက်ရအောင်။

(၁) ဇန်နဝါရီ

သင့်ချစ်သူက ဇန်နဝါရီလဖွားတစ်ယောက်ဆိုရင်တော့ သင်က ကံအရမ်းကောင်းတဲ့သူပါ။ ဘာလို့လဲဆိုတော့ ဇန်နဝါရီလဖွားတွေက အချိန်တိုင်းမှာ ယုံကြည်အားကိုးရပြီး၊ အခက်အခဲတွေ ဘယ်လောက်ရှိရှိ ချစ်သူကို ထောက်ပံ့ပေးတတ်တဲ့သူမျိုးပါ။ မာနထိခိုက်အောင် မလုပ်မချင်း ခွင့်လွှတ်ချစ်နေနိုင်ပေမယ့် မာနထိခိုက်လာပြီဆိုရင်တော့ ခွင့်လွှတ်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ဇန်နဝါရီလဖွားတစ်ယောက်ကို တန်ဖိုးထားချစ်ပါ၊ စေတနာစော်ကားတာမျိုး မလုပ်မိပါစေနဲ့။

(၂) ဖေဖော်ဝါရီ

စိတ်ခံစားလွယ်ပေမယ့် အခက်အခဲတွေကို ကောင်းကောင်းကျော်ဖြတ်နိုင်ပြီး ချစ်သူအတွက် အမြဲရှေ့က မားမားမတ်မတ်ရပ်တည်မယ့်သူမျိုးပါ။ ခေါင်းမာလွန်းတဲ့သူတွေမို့ ချစ်သူကပေးတဲ့ အကြံအတိုင်းမလုပ်တတ်တာ၊ သူများစကားနားမထောင်တတ်တာက သူတို့ရဲ့ အားနည်းချက်လိုဖြစ်နေပါတယ်။

(၃) မတ္

မတ်လဖွားကိုကို၊ မောင်မောင်တွေကတော့ မိန်းကလေးတွေနဲ့ ရင်းနှီးလွယ်ပေမယ့် သိက္ခာမဲ့တဲ့ လုပ်ရပ်တွေကိုတော့ မလုပ်တတ်တဲ့သူတွေပါ။ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ကောင်းကောင်းထိန်းချုပ်နိုင်တဲ့သူတွေဖြစ်ပြီးတော့ ချစ်သူမိန်းကလေးနဲ့တော့ ညှိယူရတာတွေ သိပ်များတာကြောင့် အချစ်ရေးမှာ အဆင်ပြေချောမွေ့တဲ့အခါ သိပ်ရှားပါတယ်။

(၄) ဧပြီ

ဧပြီလဖွား ကိုကို၊ မောင်မောင်တွေက ချစ်သူအတွက်ဆို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အမြဲအသင့်ဖြစ်နေပြီး၊ ချစ်ခြင်းမေတ္တာအပါအဝင် အကောင်းဆုံးတွေကိုပဲ ပေးဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါကြောင့် ဘဝမှာ သူရဲကောင်းတစ်ယောက်ကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဧပြီလဖွားကိုသာ ရွေးလိုက်ပါ။

(၅) မေ

မိသားစုအပေါ် နွေးထွေးပြီး၊ သစ္စာရှိတာကတော့ မေလဖွားတွေပါ။ ဒါပေမယ့် မေလဖွားတွေက စိတ်ခံစားချက်တွေ ရှေ့တန်းတင်တတ်လွန်းတာကြောင့် ပြဿနာလေးတွေ မကြာခဏဖြတ်တတ်တဲ့သူတွေလို့ ပြောရမှာပါ။

(၆) ဇြန္

မိန်းကလေးတွေရဲ့ စိတ်ခံစားချက်ကို နားလည်နိုင်ဆုံးက ဇွန်လမှာမွေးတဲ့ ကောင်လေးတွေပါ။ ဒါကြောင့် သူတို့နဲ့ ရင်းရင်းနှီးနှီးနေတဲ့ သူငယ်ချင်းမိန်းကလေးတွေ အများကြီးရှိတတ်ပါတယ်။ ဒါပေမယ့် အဲ့ဒါအတွက် မနာလိုဖြစ်ဖို့ မလိုပါဘူး။ သူက မိန်းကလေးတွေရဲ့စိတ်ကို ကောင်းကောင်းနားလည်တဲ့သူဆိုတော့ သူ့ချစ်သူကိုဆို ပိုတောင်နားလည်ဦးမှာပါ။

(၇) ဇူလိုင္

ချစ်တဲ့သူနဲ့အရာအားလုံးကို ဝေမျှတတ်တဲ့ ဇူလိုင်လဖွားတွေပါ။ ဆိုးအတူ၊ ကောင်းအတူ ဆိုတဲ့စကားက သူတို့အတွက်လို့ပြောရလောက်အောင် ဆင်းရဲဒုက္ခဖြစ်နေချိန်မှာ လက်တွဲခဲ့တဲ့ချစ်သူကို အောင်မြင်လာချိန်၊ ကောင်းစားလာချိန်မှာလည်း လက်တွဲမဖြုတ်တတ်ပါဘူး။ ဒါပေမယ့် အချစ်ရေးမှာ အပြည့်အဝရိုးသားမှု မရှိတာကြောင့် ချစ်သူက သံသယဝင်တာကို အမြဲခံရတတ်ပါတယ်။

(၈) ၾသဂုတ္

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတယ်၊ စဉ်းစားဆင်ခြင်နိုင်စွမ်းကောင်းလွန်းတယ်၊ ဒါပေမယ့် သူနဲ့ပြောဆိုဆက်ဆံရတာ နည်းနည်းတော့ ကသိကအောက်ဖြစ်ရတာမျိုးတွေ ရှိတတ်တယ်။ ရည်မှန်းချက်ကြီးသူဖြစ်ပြီး ဘဝမှာအောင်မြင်မှုတွေရအောင် ကြိုးစားတတ်တဲ့သူမျိုးဖြစ်ပါတယ်။

(၉) စက္တင္ဘာ

ဉာဏ်ရည်မြင့်မားပြီး တခြားသူနဲ့မတူဘဲ အမြဲတမ်းစတိုင်လ်ကျနေတာကြောင့် ဆွဲဆောင်မှုရှိတဲ့ ကိုကို၊ မောင်မောင်တွေပေါ့။ သဘောထားမကွဲလွဲမှုတွေကြောင့် တစ်ဖက်သား စိတ်ခုသွားရင် ချက်ချင်းတောင်းပန်ဖို့ ဝန်မလေးတတ်တာကတော့ သူတို့ရဲ့ အကျင့်ကောင်းလေးပေါ့။

(၁၀) အောက်တိုဘာ

ကိုယ်ကျင့်တရားကောင်းတဲ့သူတွေဖြစ်ပြီး ဘောင်ခတ်တာကိုတော့ လုံးဝမကြိုက်တဲ့သူတွေဖြစ်ပါတယ်။ အချစ်ရေးမှာ အပြောင်းအလဲလုပ်ရတာကို လုံးဝမကြိုက်တာကြောင့် သစ္စာရှိတဲ့ ချစ်သူတစ်ယောက်ဖြစ်ပါတယ်။

(၁၁) နို၀င္ဘာ

လူတစ်ယောက်ချင်းစီရဲ့ စိတ်နေစိတ်ထားကို အလွယ်လေးခန့်မှန်းနိုင်တဲ့ အစွမ်းရှိပြီး အဆင်ပြေအောင် ပေါင်းသင်းနိုင်စွမ်းရှိတဲ့သူဖြစ်ပါတယ်။ အချိန်ကြာလာလေ တစ်ယောက်တည်း နေချင်လာလေဖြစ်ပြီး သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်တဲ့သူတွေကို ကသိကအောက်ဖြစ်အောင်ပြန်ပြီး ထေ့ငေါ့တတ်ပါတယ်။

(၁၂) ဒီဇင္ဘာ

အလုပ်ကြိုးစားပြီး အလုပ်ခွင်မှာလည်း တော်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အပြင်ထွက်ရတဲ့ အကြောင်းတွေ တစ်ခုပြီးတစ်ခုရှိနေတာကြောင့် သူ့ကို အိမ်မှာတွေ့ရတဲ့အချိန်ဆိုတာ ရှားမှရှားပါပဲ။ အလုပ်ကြိုးစားတာကြောင့် ချစ်သူကို ဂရုမစိုက်မိတာမျိုးတွေရှိပြီး အဲ့ဒီအကြောင်းရင်းကြောင့်ပဲ ချစ်သူကောင်မလေးရဲ့စိတ်ကောက်တာကို အမြဲခံနေရတာပါ။

ခရက္ဒစ္

Unicode Version

ပျိုမေတို့ ကိုယ့်ချစ်သူဘယ်လမှာမွေးလဲဆိုတာသိရုံနဲ့ သူဖွင့်မပြောတဲ့ စိတ်နေစိတ်ထားနဲ့၊ အကျင့်စရိုက်တွေကို သိနိုင်တယ်နော်။ ကဲ ကိုယ့်ချစ်သူမွေးလကို ရှာပြီး ကိုယ်သိချင်တဲ့ သူ့အကြောင်းလေးကို ဖတ်လိုက်ရအောင်။

(၁) ဇန်နဝါရီ

သင့်ချစ်သူက ဇန်နဝါရီလဖွားတစ်ယောက်ဆိုရင်တော့ သင်က ကံအရမ်းကောင်းတဲ့သူပါ။ ဘာလို့လဲဆိုတော့ ဇန်နဝါရီလဖွားတွေက အချိန်တိုင်းမှာ ယုံကြည်အားကိုးရပြီး၊ အခက်အခဲတွေ ဘယ်လောက်ရှိရှိ ချစ်သူကို ထောက်ပံ့ပေးတတ်တဲ့သူမျိုးပါ။ မာနထိခိုက်အောင် မလုပ်မချင်း ခွင့်လွှတ်ချစ်နေနိုင်ပေမယ့် မာနထိခိုက်လာပြီဆိုရင်တော့ ခွင့်လွှတ်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ဇန်နဝါရီလဖွားတစ်ယောက်ကို တန်ဖိုးထားချစ်ပါ၊ စေတနာစော်ကားတာမျိုး မလုပ်မိပါစေနဲ့။

(၂) ဖေဖော်ဝါရီ

စိတ်ခံစားလွယ်ပေမယ့် အခက်အခဲတွေကို ကောင်းကောင်းကျော်ဖြတ်နိုင်ပြီး ချစ်သူအတွက် အမြဲရှေ့က မားမားမတ်မတ်ရပ်တည်မယ့်သူမျိုးပါ။ ခေါင်းမာလွန်းတဲ့သူတွေမို့ ချစ်သူကပေးတဲ့ အကြံအတိုင်းမလုပ်တတ်တာ၊ သူများစကားနားမထောင်တတ်တာက သူတို့ရဲ့ အားနည်းချက်လိုဖြစ်နေပါတယ်။

(၃) မတ်

မတ်လဖွားကိုကို၊ မောင်မောင်တွေကတော့ မိန်းကလေးတွေနဲ့ ရင်းနှီးလွယ်ပေမယ့် သိက္ခာမဲ့တဲ့ လုပ်ရပ်တွေကိုတော့ မလုပ်တတ်တဲ့သူတွေပါ။ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ကောင်းကောင်းထိန်းချုပ်နိုင်တဲ့သူတွေဖြစ်ပြီးတော့ ချစ်သူမိန်းကလေးနဲ့တော့ ညှိယူရတာတွေ သိပ်များတာကြောင့် အချစ်ရေးမှာ အဆင်ပြေချောမွေ့တဲ့အခါ သိပ်ရှားပါတယ်။

(၄) ဧပြီ

ဧပြီလဖွား ကိုကို၊ မောင်မောင်တွေက ချစ်သူအတွက်ဆို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အမြဲအသင့်ဖြစ်နေပြီး၊ ချစ်ခြင်းမေတ္တာအပါအဝင် အကောင်းဆုံးတွေကိုပဲ ပေးဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါကြောင့် ဘဝမှာ သူရဲကောင်းတစ်ယောက်ကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဧပြီလဖွားကိုသာ ရွေးလိုက်ပါ။

(၅) မေ

မိသားစုအပေါ် နွေးထွေးပြီး၊ သစ္စာရှိတာကတော့ မေလဖွားတွေပါ။ ဒါပေမယ့် မေလဖွားတွေက စိတ်ခံစားချက်တွေ ရှေ့တန်းတင်တတ်လွန်းတာကြောင့် ပြဿနာလေးတွေ မကြာခဏဖြတ်တတ်တဲ့သူတွေလို့ ပြောရမှာပါ။

(၆) ဇွန်

မိန်းကလေးတွေရဲ့ စိတ်ခံစားချက်ကို နားလည်နိုင်ဆုံးက ဇွန်လမှာမွေးတဲ့ ကောင်လေးတွေပါ။ ဒါကြောင့် သူတို့နဲ့ ရင်းရင်းနှီးနှီးနေတဲ့ သူငယ်ချင်းမိန်းကလေးတွေ အများကြီးရှိတတ်ပါတယ်။ ဒါပေမယ့် အဲ့ဒါအတွက် မနာလိုဖြစ်ဖို့ မလိုပါဘူး။ သူက မိန်းကလေးတွေရဲ့စိတ်ကို ကောင်းကောင်းနားလည်တဲ့သူဆိုတော့ သူ့ချစ်သူကိုဆို ပိုတောင်နားလည်ဦးမှာပါ။

(၇) ဇူလိုင်

ချစ်တဲ့သူနဲ့အရာအားလုံးကို ဝေမျှတတ်တဲ့ ဇူလိုင်လဖွားတွေပါ။ ဆိုးအတူ၊ ကောင်းအတူ ဆိုတဲ့စကားက သူတို့အတွက်လို့ပြောရလောက်အောင် ဆင်းရဲဒုက္ခဖြစ်နေချိန်မှာ လက်တွဲခဲ့တဲ့ချစ်သူကို အောင်မြင်လာချိန်၊ ကောင်းစားလာချိန်မှာလည်း လက်တွဲမဖြုတ်တတ်ပါဘူး။ ဒါပေမယ့် အချစ်ရေးမှာ အပြည့်အဝရိုးသားမှု မရှိတာကြောင့် ချစ်သူက သံသယဝင်တာကို အမြဲခံရတတ်ပါတယ်။

(၈) သြဂုတ်

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတယ်၊ စဉ်းစားဆင်ခြင်နိုင်စွမ်းကောင်းလွန်းတယ်၊ ဒါပေမယ့် သူနဲ့ပြောဆိုဆက်ဆံရတာ နည်းနည်းတော့ ကသိကအောက်ဖြစ်ရတာမျိုးတွေ ရှိတတ်တယ်။ ရည်မှန်းချက်ကြီးသူဖြစ်ပြီး ဘဝမှာအောင်မြင်မှုတွေရအောင် ကြိုးစားတတ်တဲ့သူမျိုးဖြစ်ပါတယ်။

(၉) စက်တင်ဘာ

ဉာဏ်ရည်မြင့်မားပြီး တခြားသူနဲ့မတူဘဲ အမြဲတမ်းစတိုင်လ်ကျနေတာကြောင့် ဆွဲဆောင်မှုရှိတဲ့ ကိုကို၊ မောင်မောင်တွေပေါ့။ သဘောထားမကွဲလွဲမှုတွေကြောင့် တစ်ဖက်သား စိတ်ခုသွားရင် ချက်ချင်းတောင်းပန်ဖို့ ဝန်မလေးတတ်တာကတော့ သူတို့ရဲ့ အကျင့်ကောင်းလေးပေါ့။

(၁၀) အောက်တိုဘာ

ကိုယ်ကျင့်တရားကောင်းတဲ့သူတွေဖြစ်ပြီး ဘောင်ခတ်တာကိုတော့ လုံးဝမကြိုက်တဲ့သူတွေဖြစ်ပါတယ်။ အချစ်ရေးမှာ အပြောင်းအလဲလုပ်ရတာကို လုံးဝမကြိုက်တာကြောင့် သစ္စာရှိတဲ့ ချစ်သူတစ်ယောက်ဖြစ်ပါတယ်။

(၁၁) နိုဝင်ဘာ

လူတစ်ယောက်ချင်းစီရဲ့ စိတ်နေစိတ်ထားကို အလွယ်လေးခန့်မှန်းနိုင်တဲ့ အစွမ်းရှိပြီး အဆင်ပြေအောင် ပေါင်းသင်းနိုင်စွမ်းရှိတဲ့သူဖြစ်ပါတယ်။ အချိန်ကြာလာလေ တစ်ယောက်တည်း နေချင်လာလေဖြစ်ပြီး သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်တဲ့သူတွေကို ကသိကအောက်ဖြစ်အောင်ပြန်ပြီး ထေ့ငေါ့တတ်ပါတယ်။

(၁၂) ဒီဇင်ဘာ