ဒူးဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာသည့်ကွင်းလယ်ကစားသမား ကျော်မင်းဦးသည် မြန်မာယူ-၂၂အသင်းနှင့်ပူးတွဲလေ့ကျင့်နေသည်။  ကျော်မင်းဦးသည် မြန်မာယူ-၂၂အသင်းတွင် တာဝန်ယူဆောင်ရွက်နေသည့် ဘရာဇီးလ်ကြံ့ခိုင်ရေးနည်းပြ၏
အစီအစဉ်ဖြင့် လေ့ကျင့်နေခြင်းဖြစ်သည်။

“ကျော်မင်းဦးကအသင်းမှာလေ့ကျင့်နေပါတယ်။သူ့ရဲ့ဒဏ်ရာအခြေအနေ၊ကြွက်သားအနေအထားတွေတိုးတက်လာဖို့ ဘရာဇီးလ်ကြံ့ခိုင်ရေးနည်းပြနဲ့လေ့ကျင့်နေတာဖြစ်ပါတယ်”ဟု မြန်မာယူ-၂၂အသင်းလက်ထောက် နည်းပြ ဦးချစ်နိုင်ကပြောကြားသည်။

ကျော်မင်းဦးသည် ၂၀၁၆ခုနှစ် နှစ်ဆန်းပိုင်းတွင် ရရှိခဲ့သည့်ဒူးဒဏ်ရာကြောင့် ၃ နှစ်ကျော်ကြာ ဘောလုံးကစားနိုင်ခဲ့ခြင်းမရှိဘဲ ဒဏ်ရာအခြေအနေမှာ သက်သာခြင်းမရှိသောကြောင့် ယခုနှစ်ဆန်းပိုင်းတွင် ဘောလုံးကစားခြင်းမှအနားယူကြောင်းပြောကြားခဲ့သော်လည်း MFF ဥက္ကဌ ဦးဇော်ဇော်၏ညှိနှိုင်းမှုကြောင့် ဒူးဒဏ်ရာကိုကုသကာ ပြန်ကစားနိုင်ရန်ကြိုးပမ်းနေခြင်းဖြစ်သည်။