ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်စေ့ အရပ် ဝုန်စဝပ် ၁၉ လမ်း အိမ်နံပါတ် ၄၅၃ မှာနေထိုင်နေသူ ဖုန်စပ် ဝပ်ထရာနစ်ကို (ဟီယားယူ) အသက် ၇၂ ကို သတ်ပြီး ဆွကြိုး ယူ ထွက်ပြေးသွားခဲ့သူ မြန်မာနိုင်ငံသား မင်းထွေး (ခ) ကိုကို အသက် (၁၉) နှစ်ကို မဟာချိုင် မြို့မှာ ဖမ်းမိခဲ့ကြောင်း သိရပါတယ်။

တရားခံ မင်းထွေး ကို သေဆုံးသူ လွှတ်တော်အမတ်ဟောင်းက ငှားရမ်းပြီး နေအိမ် ပြုပြင်နေတာဖြစ်ပါတယ်။

အခင်းဖြစ်တဲ့နေ့သြဂုတ်လ ၁၂ ရက်နေ့က သေဆုံးသူဟာ နေအိမ်ပြုပြင်နေတာ လာရောက် စစ်ဆေးတဲ့အချိန် တရားခံ မင်းထွေးဟာ သံဒုတ်နဲ့ လွတ်တော်အမတ်ဦးခေါင်းကို ရိုက်သတ်ခဲ့ပြီး နေအိမ်ဒုတိယ ထပ်က ဘီဒို အတွင်း အလောင်းကို ထည့်ပြီး ထွက်ပြေးသွားခဲ့တာပါ။

ပချာချင့် ရဲတပ်ဖွဲ့ဝင်တွေဟာ တရာခံရဲ့ လူသတ်ပြီး ထွက်ပြေး သွားခဲ့တဲ့ လမ်းကြောင်း CC TV မှတ်တမ်းတွေကိုစစ်ဆေးပြီး တရားခံရောက်နေတဲ့ မဟာချိုင်မှာ ကို လိုက်လံဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။