မလေးရှားနိုင်ငံ၊ ဆာရာဝက်ပြည်နယ်မှာ ကောင်မလေးနဲ့ ကောင်လေးတို့ အချင်းများ ရန်ဖြစ်ခဲ့ကြပါတယ်။ အမျိုးသားကတော့ အသက်(၃၅)နှစ်အရွယ်ဖြစ်ပြီး၊ စီးဘူးမြို့သားပါ။ သူ့အမည်မှာ Yung Fei Kong လို့ သိရပြီး၊၊ ကောင်မလေးကတော့ (၂၇)နှစ် ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ အခင်းဖြစ်တဲ့နေ့ မနက်(၈)နာရီလောက်မှာ တစ်ယောက်နဲ့တစ်ယောက် အချင်းများခဲ့ကြပါတယ်။ ကောင်မလေးက စိတ်ဆိုးပြီး ဖိနပ်တွေကိုချွတ်ကာ Yung ကို ထားရစ်ခဲ့ပါတယ်။ Yung ဟာ စိတ်ကောက်သွားတဲ့ ချစ်သူကို ချော့ဖို့ နောက်ကနေ အမောတကောလိုက်ခဲ့ပါတယ်။

သူတို့ဟာ ဗဟိုဈေးကြီးကနေ၊ ကုန်တိုက်ဘက်တွေဆီကို ပြေးလွှားသွားခဲ့ပြီး၊ Yung ဟာ ကောင်မလေးနောက်ကို အမီလိုက်ရင်း လဲကျခဲ့ပါသေးတယ်။ မနက်(၉)နာရီလောက်မှာ Yung ဟာ ကုန်တိုက်အောက်ခြေလှေကား ခြေရင်းမှာ လဲကျနေခဲ့ပြီး၊ ကောင်မလေးကလည်း အတော်လေး မောပန်းနေပြီလို့ ဆိုပါတယ်။

အဲဒီနောက် ကောင်မလေးက သူမရဲ့ ကျန်နေခဲ့တဲ့ ဖိနပ်ကို လိုက်ရှာဖို့ ပြန်လာခဲ့ရာ၊ လှေကားခြေရင်းမှာ Yung လဲကျနေတာကို တွေ့ခဲ့ရပါတယ်။ သူရဲ့လက်ထဲမှာ သူမရဲ့ ဖိနပ်ကို ကိုင်ထားတာကို တွေ့ရပါတယ်။ ခေါ်ကြည့်တော့ လုံးဝ မထူးတော့ပါဘူး။

ဒေသခံတွေက ရဲကို ခေါ်ယူပေးခဲ့ရာ၊ နောက်ကျသွားပါတယ်။ Yung ဟာ အမော့စို့ပြီး သေဆုံးနေပုံပါ။ သူတို့တစ်တွေ ဘယ်လောက်အထိ ပြေးတန်းလိုက်တန်း ကစားခဲ့ကြတယ်ဆိုတာကိုတော့ သူတို့ကပဲ အသိဆုံးဖြစ်မှာပါ။ ကောင်မလေးကတော့ ချစ်သူအလောင်းကိုကြည့်ပြီး ငိုရုံကလွဲပြီး မတက်နိုင်တော့ပါဘူး။

နေသူရိန်