အရက္ေတြ အခြန္ေလွ်ာ့ေကာက္ဖို႔ အခြန္ေလ်ာ့ ေကာက္မွ အရည္အေသြးေကာင္းတဲ့ဟာ သြင္း၊ အရည္အေသြးေကာင္းအရက္ ေသာက္ျပီး ေခါင္းၾကည္မယ္ အေၾကာင္းလြတ္ေတာ္မွာ ေဆြးေႏြးတာဖတ္လိုက္ရတယ္။ တကယ္ေတာ့ ႏိုင္ငံျခားအရက္ေတြ သြင္းမွမဟုတ္ပါဘူး ျပည္တြင္းျဖစ္ ဆန္(ဆန္ကြဲ)နဲ႔ ခ်က္တဲ့အရက္၊

ေကာက္ညွင္းနဲ႔ခ်က္တဲ့အရက္၊ထန္းလွ်က္နဲ႔ ခ်က္တဲ့အရက္ေတြ၊ေျပာင္းေကာက္(ႏွံစားေျပာင္း)နဲ႔ခ်က္တဲ့ ရွိပါတယ္။အဲဒီအရက္ေတြကို ေက်းရြာေတြတပိုင္တႏိုင္ခ်က္တာပါ။တိုင္းရင္းသားေတြခ်က္ပါတယ္။အရည္အေသြးကလည္းမီးေတာင္ေတာက္တယ္။ရန္ကုန္ ဘီအီးေတြ၊ေဖာေရွာေသာက္တဲ့လူေတြနဲ႔ ကခ်င္၊ကယား၊ကရင္ေတြ ေသာက္တာ ႏိႈင္းယွဥ္ၾကည့္လို႔ရပါတယ္။(အရည္အေသြးနဲ႔ပတ္သက္လုိ႔ေျပာတာပါ)

ေနာက္ထန္းလွ်က္ကို အရက္ခ်က္တာ တန္ဖိုးျမွင့္ထုတ္ကုန္ျဖစ္သြားတာပါ။ဆန္ကြဲကို အရက္ခ်က္တာ တန္ဖိုးျမွင့္ထုတ္ကုန္ (Value added) ျဖစ္သြားတာပါ။ အရင္ေခတ္က ဆန္ကြဲကို အရက္ခ်က္တာေၾကာင့္ ဆန္ေစ်းတက္တယ္လို႔ အျမင္ရွိခဲ့ပါတယ္။ ဘယ္သူမွေတာ့ ဆန္အေကာင္းၾကီးကိုဆန္ကြဲျဖစ္ေအာင္ ဘယ္သူမွကၽြိတ္မေရာင္းဘူးဆိုတာ မေတြးဆႏိုင္ခဲ့ဘူး။ထားပါေတာ့။

တကယ္ေတာ့ ကိုလိုနီေခတ္က ယစ္မ်ိဳးဥပေဒကို ျပင္ရမွာပါ။တိုင္းရင္းသားေတြအတြက္ အရက္ခ်က္တာလိုအပ္ပါတယ္။ရိုးရာဓေလ့ထုံးစံအရေရာစီးပြားေရးအရပါ။ကယားျပည္နယ္၊ရွမ္းျပည္နယ္ေတာင္ပိုင္း၊ကခ်င္ျပည္နယ္ေတြမွာ အရက္ခ်က္ ေခါင္ဖတ္ကို ၀က္ေကၽြးၾကပါတယ္။ေခါင္ဖတ္(စိမ္ရည္)အတြက္ကိုလည္း စဥ္အိုးေတြသုံးၾကပါတယ္။

အဲဒီစဥ့္အုိးေတြဟာ ရွမ္းတိုင္းရင္းသားေတြ ဖုတ္တာပါ။ ရွမ္းကယားနယ္စပ္မွာေပါ။ တကယ္လို႔သာ တိုင္းရင္းသားေတြ ခ်က္တဲ့ အရက္ေတြကို ဂ်ပန္လို လွတပတစဥ္အိုးေလးေတြနဲ႔ (တပုလင္းစာ) ထုတ္ေရာင္းရင္ႏိုင္ငံျခားေငြတာင္ ရွာလို႔ရပါတယ္။ အဲဒီအရက္အိုးေလးေတြကို ကတီဘာအိပ္အစား တိုင္းရင္းသားဂ်က္ခုတ္ထားတဲ့ အစေတြနဲ႔ ထုပ္ပိုးျပီးေရာင္းမယ္ဆိုလည္းျဖစ္ႏိုင္ပါတယ္။

ေနာက္ အရက္ခ်က္တဲ့ ထန္းလွ်က္တပိသာ ၈၀၀နဲ႔ ၁၀၀၀ ၾကားရွိတယ္(မႏွစ္က)ထန္းလွ်က္ကို ႏွစ္ရက္ေလာက္စိမ္ျပီး အရက္ခ်က္ရင္ ႏွစ္ဗူးခြဲ ရပါတယ္။ ထင္းဖိုးက ၂၀၀ပဲကုန္တယ္။ သုံးေထာင္နီးပါးရတာပါ။ ထန္းလွ်က္ငါးဆယ္သား လူသုံးေယာက္တထိုင္တည္းစားလို႔မကုန္ပါဘူး။ အရက္ခ်က္လိုက္ရင္ လူသုံးေယက္တထိုင္ထဲနဲ႔ တပိသာကုန္ပါတယ္။ အဲဒါဆို အညာက ထန္းလုပ္သာေတြ မေလးတို႔၊ထိုင္းတို႔၊လာအုိတို႔ သြားလုပ္စရာမလိုေတာ့ပါဘူး။

မေကြးကရြာတရြာဆိုရင္ အဲဒီရြာမွာပဲ အိုးေတြ ဖုတ္တာရွိပါတယ္။ ေမးၾကည့္သေလာက္စိမ္ရည္က သစ္ေခါက္နဲ႔ပဲလုပ္တာပါ။တိုင္းရင္းသား တေဆးက ကလည္းမီးေတာက္တယ္။ေသာက္တဲ့လူေတြကလည္း ေခါင္းမကိုက္ဖူးလို႔ေျပာပါတယ္။တကယ္ ဥပေဒအညီ စစ္ေဆးထုတ္လုပ္ခြင့္ေပးရင္ တိုင္းသားေတြ ေက်းလက္ေဒသေတြ မွာခ်က္တဲ့အရက္ဟာ အႏၱရယ္ကင္းေအာင္ အရည္အေသြးမွီေအာင္ စီစစ္လို႔ရပါတယ္။အိမ္နီးခ်င္းထိုင္းနဲ႔ တရုတ္ေစ်းကြက္အတြက္ပဲ စဥ္းစားၾကည့္ပါ။ Public Policy နဲ႔ပတ္သက္လို႔ ေ၀ဖန္ဖို႔နဲ႔ ဆင္ျခင္ဖို႔ပါ။ ခရက္​ဒစ္​

Unicode Version

အရက်တွေ အခွန်လျှော့ကောက်ဖို့ အခွန်လျော့ ကောက်မှ အရည်အသွေးကောင်းတဲ့ဟာ သွင်း၊ အရည်အသွေးကောင်းအရက် သောက်ပြီး ခေါင်းကြည်မယ် အကြောင်းလွတ်တော်မှာ ဆွေးနွေးတာဖတ်လိုက်ရတယ်။ တကယ်တော့ နိုင်ငံခြားအရက်တွေ သွင်းမှမဟုတ်ပါဘူး ပြည်တွင်းဖြစ် ဆန်(ဆန်ကွဲ)နဲ့ ချက်တဲ့အရက်၊

ကောက်ညှင်းနဲ့ချက်တဲ့အရက်၊ထန်းလျှက်နဲ့ ချက်တဲ့အရက်တွေ၊ပြောင်းကောက်(နှံစားပြောင်း)နဲ့ချက်တဲ့ ရှိပါတယ်။အဲဒီအရက်တွေကို ကျေးရွာတွေတပိုင်တနိုင်ချက်တာပါ။တိုင်းရင်းသားတွေချက်ပါတယ်။အရည်အသွေးကလည်းမီးတောင်တောက်တယ်။ရန်ကုန် ဘီအီးတွေ၊ဖောရှောသောက်တဲ့လူတွေနဲ့ ကချင်၊ကယား၊ကရင်တွေ သောက်တာ နှိုင်းယှဉ်ကြည့်လို့ရပါတယ်။(အရည်အသွေးနဲ့ပတ်သက်လို့ပြောတာပါ)

နောက်ထန်းလျှက်ကို အရက်ချက်တာ တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်သွားတာပါ။ဆန်ကွဲကို အရက်ချက်တာ တန်ဖိုးမြှင့်ထုတ်ကုန် (Value added) ဖြစ်သွားတာပါ။ အရင်ခေတ်က ဆန်ကွဲကို အရက်ချက်တာကြောင့် ဆန်ဈေးတက်တယ်လို့ အမြင်ရှိခဲ့ပါတယ်။ ဘယ်သူမှတော့ ဆန်အကောင်းကြီးကိုဆန်ကွဲဖြစ်အောင် ဘယ်သူမှကျွိတ်မရောင်းဘူးဆိုတာ မတွေးဆနိုင်ခဲ့ဘူး။ထားပါတော့။

တကယ်တော့ ကိုလိုနီခေတ်က ယစ်မျိုးဥပဒေကို ပြင်ရမှာပါ။တိုင်းရင်းသားတွေအတွက် အရက်ချက်တာလိုအပ်ပါတယ်။ရိုးရာဓလေ့ထုံးစံအရရောစီးပွားရေးအရပါ။ကယားပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်း၊ကချင်ပြည်နယ်တွေမှာ အရက်ချက် ခေါင်ဖတ်ကို ဝက်ကျွေးကြပါတယ်။ခေါင်ဖတ်(စိမ်ရည်)အတွက်ကိုလည်း စဉ်အိုးတွေသုံးကြပါတယ်။

အဲဒီစဥ့်အိုးတွေဟာ ရှမ်းတိုင်းရင်းသားတွေ ဖုတ်တာပါ။ ရှမ်းကယားနယ်စပ်မှာပေါ။ တကယ်လို့သာ တိုင်းရင်းသားတွေ ချက်တဲ့ အရက်တွေကို ဂျပန်လို လှတပတစဉ်အိုးလေးတွေနဲ့ (တပုလင်းစာ) ထုတ်ရောင်းရင်နိုင်ငံခြားငွေတာင် ရှာလို့ရပါတယ်။ အဲဒီအရက်အိုးလေးတွေကို ကတီဘာအိပ်အစား တိုင်းရင်းသားဂျက်ခုတ်ထားတဲ့ အစတွေနဲ့ ထုပ်ပိုးပြီးရောင်းမယ်ဆိုလည်းဖြစ်နိုင်ပါတယ်။

နောက် အရက်ချက်တဲ့ ထန်းလျှက်တပိသာ ၈၀၀နဲ့ ၁၀၀၀ ကြားရှိတယ်(မနှစ်က)ထန်းလျှက်ကို နှစ်ရက်လောက်စိမ်ပြီး အရက်ချက်ရင် နှစ်ဗူးခွဲ ရပါတယ်။ ထင်းဖိုးက ၂၀၀ပဲကုန်တယ်။ သုံးထောင်နီးပါးရတာပါ။ ထန်းလျှက်ငါးဆယ်သား လူသုံးယောက်တထိုင်တည်းစားလို့မကုန်ပါဘူး။ အရက်ချက်လိုက်ရင် လူသုံးယေက်တထိုင်ထဲနဲ့ တပိသာကုန်ပါတယ်။ အဲဒါဆို အညာက ထန်းလုပ်သာတွေ မလေးတို့၊ထိုင်းတို့၊လာအိုတို့ သွားလုပ်စရာမလိုတော့ပါဘူး

မကွေးကရွာတရွာဆိုရင် အဲဒီရွာမှာပဲ အိုးတွေ ဖုတ်တာရှိပါတယ်။ မေးကြည့်သလောက်စိမ်ရည်က သစ်ခေါက်နဲ့ပဲလုပ်တာပါ။တိုင်းရင်းသား တဆေးက ကလည်းမီးတောက်တယ်။သောက်တဲ့လူတွေကလည်း ခေါင်းမကိုက်ဖူးလို့ပြောပါတယ်။တကယ် ဥပဒေအညီ စစ်ဆေးထုတ်လုပ်ခွင့်ပေးရင် တိုင်းသားတွေ ကျေးလက်ဒေသတွေ မှာချက်တဲ့အရက်ဟာ အန္တရယ်ကင်းအောင် အရည်အသွေးမှီအောင် စီစစ်လို့ရပါတယ်။အိမ်နီးချင်းထိုင်းနဲ့ တရုတ်ဈေးကွက်အတွက်ပဲ စဉ်းစားကြည့်ပါ။ Public Policy နဲ့ပတ်သက်လို့ ဝေဖန်ဖို့နဲ့ ဆင်ခြင်ဖို့ပါ။